ရန်ကုန်ဆေးရုံကြီးတွင် လာရောက်ကုသတဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေး လူနာတစ်ဦးကို ဆီးစစ်ချက်ယူရန် သန်စင်ခန်းသို့ လိုက်ပို့ပေးစဉ် တာဝန်ကျတဲ့ အမျိုးသားတစ်ဦးက လက်ညိုးနှင့် မဖွယ်မရာပြုကျင့်ခဲ့တယ်လို့သိရပါတယ်။

ထိုကဲ့သို လူနာမိန်းကလေးကို မဖွယ်မရာပြုလုပ်တဲ့သူမှာ ဒလမြို့နယ် ကျန်းမာရေးဝန်ထမ်း လိုင်းခန်းမှာနေတဲ့ အသက် ၃၇ နှစ်အရွယ် ဇင်မင်း ဆိုသူဖြစ်တယ်လို့သိရှိရပါတယ်။ လူနာမိန်းကလေးမှာ ကျောကုန်း၊ ရင်ဘတ်တို့ တွင် အဖုအကြိတ်ထွက်တဲ့ ကင်ဆာရောဂါ ခံစားနေရပြီးမော်လမြိုင်ဆေးရုံမှ ရန်ကုန်ဆေးရုံကို ပြောင်းလာခဲ့တဲ့သူလို့သိရှိရပါတယ်။

ထိုမိန်းကလေးဟာထိုသို့ မဖွယ်မရာပြုကျင့် ခံရသည်ကို ရဲစခန်းအားချက်ချင်းတိုင်ကြားခဲ့ပြီး လသာရဲစခန်းက မဖွယ်မရာပြုလုပ်သူ ဇင်မင်းကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆ နှင့် အမှုဖွင့် စစ်ဆေးလျက်ရှိတယ်လို့သိရှိရပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကတော့ ထိုဝန်ထမ်းဟာ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်ကတည်းက ဆေးရုံက ထုတ်ပယ်ထားတဲ့သူလို့ဆိုခဲ့ပါတယ်။ ပြုကျင့်ခံရတဲ့ မိန်းကလေးကတော့ ဆေးရုံမှာ ရောဂါဆက်လက် ကုသနေဆဲလို့သိရပါတယ်။

Anna

Source: The Voice

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။