နာမည်ကျော်သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ဟာဆိုရင် လက်ရှိမှာ ဘန်ကောက်မြို့ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ သူမရဲ့ချစ်စဖွယ်အလှဓာတ်ပုံလေးတွေကို Facebook မှာ တင်ထားတာပဲဖြစ်ပါတယ်။ မီးတွေထိန်လင်းနေအောင်အလှဆင်ထားတဲ့ ခရစ်စမတ်သစ်ပင်ကြီးတွေရဲ့လှပမှုနဲ့ သူမရဲ့ချစ်စရာကောင်းပုံလေးတွေ ပေါင်းစပ်လိုက် တော့ အမိုက်စားအကြွေဆင်ဓာတ်ပုံလေးတွေ ဖြစ်လာပါတော့တယ်။ လွတ်လပ်ပေါ့ပါးပျော် ရွှင်နေပုံက အလည်အပတ်ခရီးအဖြစ်နဲ့ လာရောက်တာဖြစ်ပုံရပါတယ် ပရိတ်သတ်ကြီးရေ။

သူမဟာ ကတ္တီပါသားအနီရောင်ဂါဝန်အတိုလေးကိုဝတ်ဆင်ထားပြီး အိတ်အသေးလေး တစ်လုံးကိုလွယ်ထားကာ ခပ်မိုက်မိုက် Pose လေးတွေပေးနေတာပဲဖြစ်ပါတယ်။ အလှဆင် ထားတဲ့ မီးလုံးလေး တွေကြားမှာ ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့ လှချင်တိုင်းလှနေ တဲ့ ကစ်ကစ်ကို သူမရဲ့ပရိတ်သတ်တွေကလည်း ချစ်ခင်အားပေးကြပါတယ်။ သူမဟာ အကယ်ဒမီဆု နှစ်ဆုကို ရရှိပိုင်ဆိုင်ထားပြီး မြန်မာပြည်ရဲ့ အောင်မြင်တဲ့ထိပ်တန်း မင်းသမီး စာရင်းဝင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ချစ်စရာ ကောင်းတဲ့အပြုံးချိုချိုလေးနဲ့ အသံချို ချိုလေးကြောင့် ပရိတ်သတ်တွေရဲ့ အသည်းကျော်လေးဖြစ်နေ သူတစ်ဦးပါပဲ။

အနီရောင်ကတ္တီပါသားဂါဝန်အတိုလေးကိုဝတ်ဆင်ကာ ဆံပင်တွေကိုစုချည်ပြီး ခပ်မြင့်မြင့် လေးထုံးပြီး ဒေါက်ဖိနပ်အမဲရောင်လေးနဲ့ အိတ်ကလေးကိုလွယ်ကာ ရိုးရှင်းတဲ့ပုံစံလေးနဲ့ ချစ်စဖွယ်ဓာတ်ပုံလေးတွေ ရိုက်ကူးထားတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးဆီ အ ရောက်ပို့ပေးလိုက်ပြီနော်။ ချစ်စရာ ကောင်းတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ ဓာတ်ပုံလေးတွေကို ကြည့်ရှုခံစားပေးပါဦးနော်။

Photo – Wutt Hmone Shwe Yi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။