နာမည်ကျော် instant messaging ဝန်ဆောင်မှုဖြစ်တဲ့ Facebook Messenger ပြတ်တောက်မှုဟာ အင်္ဂါနေ့က ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားခဲ့ပါတယ်။ လစဉ်သုံးစွဲသူ တစ်ဘီလျံကျော်ရှိတဲ့ Facebook Messenger မှာ chatbot တွေနဲ့ encrypt conversation feature ထောက်ပံ့မှုတွေ ပါဝင်ပါတယ်။ Facebook Messenger ပြတ်တောက်မှုကြောင့် သုံးစွဲသူတွေဟာ အင်္ဂါနေ့အစောပိုင်းမှာ ချိတ်ဆက်မှုတွေ မလုပ်နိုင်ခဲ့သလို message တွေလည်း မပေးပို့နိုင်ခဲ့ပါဘူး။

သုံးစွဲသူတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ခြေရာခံလေ့ရှိတဲ့ DownDetector ဟာ ကမ္ဘာ့အရှေ့ခြမ်းမှာ မနက် ၆ နာရီဝန်းကျင်က Facebook Messenger ပြတ်တောက်မှုအပေါ် သတင်းပေးပို့တာတွေကို မြင်တွေ့ခဲ့ပါတယ်။ သတင်းပေးပို့မှု သုံးပုံတစ်ပုံက Messenger မှာ message တွေ လက်ခံမရရှိတဲ့အကြောင်းကို အဓိကထား ဖော်ပြခဲ့ပါတယ်။ သုံးစွဲသူ ၃၂ ရာခိုင်နှုန်းကတော့ ဆာဗာချိတ်ဆက်မှု ပြဿနာအကြောင်းကို ပြောခဲ့ကြပါတယ်။ ကျန်တဲ့ ၃၁ ရာခိုင်နှုန်းကတော့ login ဝင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

Facebook ရဲ့ developer support အင်ဂျင်နီယာဖြစ်သူ မာရီဆာဟို့ခ်ကလည်း ““ဒီဇင်ဘာလ ၅ ရက်မှာ ကျွန်တော်တို့ Messaging API အတွင်း error rate တွေ ခပ်များများ တွေ့လာရပါတယ်။ Message တွေပေးပို့တာနဲ့ လက်ခံတာတွေက အလုပ်မလုပ်တော့ပါဘူး” လို့ဆိုပါတယ်။မြန်မာ နိုင်ငံမှာလည်း မနေ့က Messenger ချို့ယွင်းမှု အချိန်အနည်းအငယ်ဖြစ်ပေါ်ခဲ့ပြီး နာရီပိုင်း အကြာမှ ပုံမှန်ပြန်ဖြစ်ခဲ့ပါတယ်။ 

Source : Internet Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။