ဒီနှစ်ဆောင်းဦးရာသီမှာတော့ Lee Jong Suk နဲ့ Park Shin Hye တို့ရဲ့ ပရိသတ်တွေ အတွက် သတင်းကောင်းလေး တစ်ခုပါးချင်ပါတယ်..။

အဲ့ဒါကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသားချော တစ်လက်ဖြစ်တဲ့ Lee Jong Suk နဲ့ မင်းသမီးချောလေး Park Shin Hye တို့ တွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်..။

အဲ့ဒီ သတင်းကတော့ ပရိသတ်တွေ ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးတစ်ခုဖြစ်ပြီး လုံးဝမမျှော်လင့်ထားတဲ့ သတင်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်..။

Lee Jong Suk နဲ့ Park Shin Hye တို့ဟာ ပြီးခဲ့တဲ့ လပိုင်းတွေ ကတည်းက တိတ်တဆိတ် ဒိတ်နေခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်..။

အဲ့ဒီ သတင်းနဲ့ ပတ်သက်ပြီးတော့ Lee Jong Suk ရဲ့ အေဂျင်စီဖြစ်တဲ့ YG အင်တာတိန်းမတ်က ပြန်လည် ဖြေကြားထားခြင်း မရှိသေးသလို Park Shin Hye ရဲ့ အေဂျင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်းမျိး မရှိသေးဘူးလို့ သိရပါတယ်..။

သူတို့နှစ်ဦးလုံးက တစ်စုံတစ်ရာ ပြန်လည် ဖြေကြားထားခြင်း မရှိသေးပေမယ့် တောင်ကိုရီးယားနိုင်ငံရဲ့ အတွင်း သတင်းတွေအရ ထွက်ပေါ်လာခဲ့တဲ့ သတင်းတစ်ခုလည်း ဖြစ်ပါတယ်..။

Lee Jong Suk နဲ့ Park Shin Hye တို့ရဲ့ ပရိသတ်တွေကတော့ သူတို့ တွဲနေတယ်ဆိုတဲ့ သတင်းကို ကြားသိသိချင်းမှာ ဝမ်းသာကျေနပ်နေပြီး အမှန်တကယ်တွဲဖို့ကိုလည်း ဆုတောင်းပေးထားကြပါတယ်..။

Lee Jong Suk နဲ့ Park Shin Hye တို့ဟာ “Pinocchio” ဇာတ်ကားမှာ အဓိကဇာတ်ကောင်တွေ အဖြစ် အတူ ပါဝင်သရုပ်ဆောင်ထားကြပြီး အသက်ပါလွန်းတဲ့ အချစ်ဒရမ်မာ ဇာတ်ကားကောင်း ဖြစ်ခဲ့ပါတယ်..။

သူတို့နှစ်ဦးဟာ ဇာတ်ကားရိုက်ကူးမှု ပြီးစီးပြီးနောက်ပိုင်းလည်း မဂ္ဂဇင်း၊ ဓာတ်ပုံတွေနဲ့ ကြော်ငြာတွေကိုလည်း အတူ ရိုက်ကူးပေးခဲ့တာ တွေ့ရပါတယ်...။

Source - K-Dramaland.tv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။