ဒီဇင်ဘာ ၅ ရက်ညနေ့ မနေ့ကနေ ပိုင်းအချိန် မိတ္ထီလာ-တောင်ကြီး ခရီးသည်တင် မှန်လုံကားပေါ်မှ စိတ်ကြွဆေးပြား ၉ သောင်းကျော် ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ-တောင်ကြီးကားလမ်း မိုင်တိုင် ၄၀/၆ နဲ့ ၇ အကြား မုံပင်ရွာအနီး တောင်ကြီးဘက်က ဆင်းလာတဲ့ ခရီးသည်တင် မှန်လုံကားမှာ စီးလာတဲ့ အမျိုးသမီး ၂ ဦးထံမှ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သာစည်မြို့နယ် ယင်းမာပင်ရွာ ရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။ 

မိုင်းရှူးမြို့နယ် ဝမ်လိုင်ရွာနေ မနာမီရဲလ်နဲ့ မနာမီရလ်ခါးတို့ထံမှ ကာလတန်ဖိုး ကျပ်သိန်း(၄၅၀၀) တန်ဖိုးရှိ ဆေးပြား (၉၀၀၀)ကျော်ကို ဖမ်းဆီးရမိခဲ့တာပဲဖြစ်ပါတယ်။ 

ကြိုတင်သတင်း ရရှိမှုများအရ သာစည်မြို့နယ်ရဲ တပ်ဖွဲ့နဲ့ မူးယစ်တပ်ဖွဲ့တို့ ပူးပေါင်းကာ ဒို့ညီနောင် မှန်လုံခရီးသည် တင်ကားကို ရပ်တန့်ရှာဖွေရာမှ အဆိုပါဆေးပြား (၉၀၀၀)ကျော် ဖမ်းဆီးရမိခဲ့တာပဲဖြစ်ပါတယ်။ 

လက်ရှိမှာတော့ မနာမီရဲလ်နဲ့ မနာမီရလ်ခါး တို့ကို သက်သေခံ ယင်းမပင်ရွှာရဲစခန်းမှာ ဖမ်းဆီးအရေးယူထား တယ်လို့သိရပါတယ်။

ဆက်လက်ပြီး မူးယစ်ဆေးနဲ့စိတ် ကိုပြောင်းလဲစေသောဥပဒေ၊ လက်ဝယ်ထားရှိမှု၊ သုံးစွဲမှု၊ထုတ်လုပ်ဖြန့်ဖြူးမှု ဥပဒေပုဒ်မ ၁၅/၁၉ - က/၂၀ - က/၂၁တို့ဖြင့် သာစည်မြို့နယ် ရဲစခန်းတွင် အမှုဖွင့် အရေးယူထားတယ်လို့သိရပါတယ်။

Source -  DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။