လုံစစ်ဂျာမွန်လို့ ခေါ်တဲ့ အမွန်းကတော့ မြစ်ကြီးနားဇာတိဖြစ်တဲ့ ကချင်တိုင်းရင်းသူ တစ်ဦးပါ။ မြူးကြွတဲ့ သီချင်း သွက်လက်လှပတဲ့ ကကွက်များနဲ့ ပရိသတ်အခိုင်အမာရရှိ ထားသူ တစ်ယောက်လည်းဖြစ် ပါတယ်။ သူမကိုတော့ အမြဲလိုလို အမိုက်စားဖတ်ရှင်တွေနဲ့ သာမြင်တွေ့ရလေ့ရှိပါတယ် ။အထူးသဖြင့် အလန်းစား performance နဲ့ နှစ်ခါပြန်ကြည့်ရတဲ့ ဖက်ရှင်စတိုင် တွေက ဆွဲဆောင်မှုတစ်ခုဖြစ်လို့ နေပါတယ်။

Automatic နှင့် Very Dangerous အချစိဗို့၁၅၀၀ သီချင်းအယ်လ်ဘမ်ထွက်ရှိခဲ့ပြီး လက် တလောမှာတော့ သီချင်းသစ်များရေးကာ အခွေသစ်အတွက် ပြင်ဆင်နေတယ်လို့ ဆိုပါ တယ်။

ယခုလ (၄) ရက်နေ့က ပြုလုပ်ခဲ့တဲ့ သူမရဲ့ Unplugged ပွဲလေးတွင်လည်း ပရိသတ် နှင့်အတူ အနီးကပ် တွေ့ဆုံကာ သီချင်းများသီဆိုခဲ့ပါသေးတယ်။ ဒီပွဲလေးများမှလည်း အမွန်းက အနက် ရောင် ဝတ်စုံနဲ့ Sexy ကျကျ လှနေပြန်ပါတယ် ပရိသတ်ကြီးရေ။

ငယ်စဉ်ကတည်းက အိပ်မက်က အဆိုတော်ဖြစ်ချင်တာကြောင့် အခက်အခဲများရှိခဲ့ ပေမယ့် လည်း ဖြစ်အောင်ကြိုးစားခဲ့ရကြောင်းနှင့် ယနေ့လူငယ်များကိုလည်း ရည်ရွယ် ချက် အိပ်မက် ကြီးကြီးထားကာ လက်မလျော့ဘဲ ကြိုးစားပါလို့ အားပေးစကား ပြောပေးထား ပါတယ်။ အမွန်းရဲ့အမိုက်ဆုံးဖက်ရှင်စတိုင်တွေကို ပရိသတ်ကြီးအတွက် စုစည်းပေး လိုက်ပါ တယ်နော် ။

Source - Ah Moon FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။