ကလေးငယ်လေးတွေဟာ နှုးနယ်တာမို့ အရမ်းဂရုစိုက်ဖို့လိုပါတယ် နှာခေါင်းနဲ့ လည်ချောင်း ကတဆင့် အသက်ရှုုပြွန်ထဲကနေ စိုစွတ်နေအောင်လို့ သဘာဝအရ အရည်အိတ်လေးတွေ မှတဆင့် သန့်ရှင်းတဲ့ အရည်တစ်မျိုးထုတ်ပေးလည့်ရှိပါတယ်၊ ဖုန်နဲ့ဘက်တီးရီးယားများဟာ နှာခေါင်းကနေတဆင့် ဝင်ရောက်လာခြင်းကို အရည်အိတ်လေးတွေက သန့်စင်ဆေးကြော ပေးပါတယ်၊င်္ပြီးတော့ ခန္ဓာကိုယ်ခုခံအား သွေးဖြူဥနဲ့ သွေးနီဥနှစ်ခုအနက် သွေးဖြူဥလေးတွေ ကနှာခေါင်းကနေလည်ချောင်းထဲဝင်လာတဲ့ ရန်သူဟူသမျှကို တိုက်ခိုက်ပါတယ်၊ နောက်ဆုံး တော့ဝင်လာတဲ့ဖုန် မီးခိုးငွေ့ ပိုးမွှားအသေများ နဲ့ သွေးဖြူဥလေးများဟာ အရည်ကြည်အဖြစ် ပြောင်းလဲသွားပြီး ချွဲသလိပ်အနေနဲ့ထွက်လာပါတော့တယ်၊

ကလေးငယ်တွေကို ချွဲသလိပ်ဖြစ်ခြင်းမှ ကာကွယ်နိုင်ဖို့သန့်ရှင်းတဲ့ပတ်ဝန်းကျင်းမှာထားပေးပါ တစ်ကိုယ်ရေ သန့်ရှင်းနေအောင်ထားပါ လူကြီးတွေနေမကောင်းရင် ကလေးနဲ့ဝေးဝေးနေပေး ပါနော် ကလေးကိုမကိုင်တွယ်ခင်မှာ လက်ကိုဆပ်ပြာနဲ့ဆေးပြီးမှကိုင်ပေးပါနော်၊

ကလေးတွေချွဲကပ်လာပြီးဆိုရင် ဆားလက်ဖက်ရည် (၁) ဇွန်း ဆူအောင်တည်ထားတဲ့ ရေနွေးနဲ့ရောပြီး အအေးခံပြီး နှာခေါင်းပေါက်ထဲကို (၁)စက် (၂)စက် (၂)နာရီ (၃) နာရီခြား တစ်ခါထည့် ပေးလို့ရပါတယ်၊ ကလေးငယ်ကို ရေနွေးနွေးလေးနဲ့ ရေမကြာခဏချိုးပေးရပါ တယ်၊ကလေးအိပ်ယာဘေးမှာ ရေနွေးဇလုံချထားခြင်းကလည်း ချွဲပျော်စေနိုင်တဲ့နည်း လမ်းလေးဖြစ်ပါတယ်၊ ချွဲကျပ်ခြင်းက (၄)ပတ်ကျော်လျှင် အဖျားကြီးနိုင်ပြီး နားပြည်ယိုခြင်း၊ အသက်ရှုအလွန်မြန်ခြင်း၊ အစာမစားခြင်းများဖြစ်ပေါ်လာပါက ဆရာဝန်နှင့်အမြန်ဆုံးပြပေး ပါနော်၊အားလုံးပဲသာယာအေးချမ်းတဲ့ မိသားစုဘဝကိုပိုင်းဆိုင်နိုင်ကြပါစေ။

Source Child Health Myanmar

Source Child Health Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။