တောင်ကိုရီးယားရဲ့ မင်းသားချောတစ်လက်ဖြစ်တဲ့ Seo In Guk နဲ့ အဆိုတော် Park Bo Ram တို့ဟာ ချစ်သူတွေ ဖြစ်ကြတယ်ဆိုတာကို အတည်ပြု ပြောကြားလိုက်ပြီ ဖြစ်ပါတယ်..။

Seo In Guk နဲ့ Park Bo Ram တို့ဟာ တွဲနေတယ်ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့တာ ကြာခဲ့ပေမယ့် အခု တစ်ခါမှာတော့ အတည်ပြု ပြောကြားလိုက်ပါပြီ..။

ယနေ့ ဒီဇင်ဘာ(၆)ရက်နေ့မှာ ချစ်သူတွေဖြစ်နေကြပြီလို့ Seo In Guk ရဲ့ အေဂျင်စီဖြစ်တဲ့ BS ကုမ္မဏီကနေ အတည်ပြုပြောကြားလိုက်တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်..။

Seo In Guk ရဲ့ အေဂျင်စီ က “Seo In Guk နဲ့ Park Bo Ram တို့ ချစ်သူတွေဖြစ်နေကြပြီဆိုတာ မှန်ပါတယ်..” ဆိုပြီး အတိအလင်းကြေညာခဲ့ပြီး အခြားတိကျတဲ့ အသေးစိတ်အချက်အလက်ကိုတော့ ပြောပြခဲ့ခြင်း မရှိခဲ့ပါဘူး..။

သူတို့နှစ်ဦးဟာ တွဲနေခဲ့တာ တစ်နှစ်ခွဲကျော်ရှိပြီ ဖြစ်ပြီး နှစ်ယောက်လုံးနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ ပြောပြချက်အရ သူတို့နှစ်ယောက်ဟာ တစ်ဦးအပေါ်တစ်ဦး ဂရုစိုက်ကြတယ်..။

Seo In Guk က သူကိုယ်တိုင် ခက်ခဲ ပင်ပန်းနေတဲ့ အချိန်မှာတောင် ချစ်သူ Bo Ram အတွက် အရမ်းကို ဦးစားပေးခဲ့ပါတယ်..။

“Bo Ramမှာ အခက်အခဲတွေဖြတ်ကျော်ရတဲ့အချိန်တွေရှိတဲ့အတွက် သူမအားအင်ဖြစ်အောင် ငါအနားမှာရှိနေသင့်တယ်” လို့ Seo In Guk က ပြောခဲ့ဖူးတယ်လို့ ဆိုပါတယ်..။

Seo In Guk က ချစ်သူအတွက် အမြဲ အဆင်သင့်ရှိနေတတ်သူဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက Park Bo Ram ရဲ့အမေဆုံးပါးသွားတဲ့ အချိန်မှာလည်း Seo In Guk က အနားမှာ အမြဲရှိနေပေးခဲ့တယ်လို့ ဆိုပါတယ်..။

Seo In Guk နဲ့ Park Bo Ram တို့ဟာ Superstar K ပြိုင်ပွဲဝင်ဟောင်းတွေဖြစ်ပြီး အခက်ခဲဆုံးအချိန်တွေမှာ တစ်ယောက်ကိုတစ်ယောက် နှစ်သိမ့်ပေးခဲ့ကြသူတွေလည်း ဖြစ်တယ်လို့ သိရပါတယ်..။

Source - koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။