အနုပညာလောကရဲ့ နာမည်ကြီး ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်အားပေးမှု အပြည့်အဝရရှိထားသူလည်းဖြစ်သူကတော့ သက်မွန်မြင့် ဖြစ်ပါတယ်။ ပရိသတ်တွေက ချစ်စနိုးနဲ့ ချစ်သက်လို့ ခေါ်ရတဲ့ သူမကတော့ အနုပညာလောကသားတိုင်း မြတ်နိုးတန်ဖိုးထားရတဲ့ အကယ်ဒမီဆုနှစ်ဆုကို ဆွတ်ခူးရရှိထားသူ တစ်ဦးလည်းဖြစ်ပါတယ်။

သူမဟာ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေ ကျဲသွားသလို သားလေးနဲ့ သမီးလေးမွေးပြီး နောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေ ခေတ္တရပ်နားထားခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ချစ်သက်တစ်ယောက် ခန္ဓာကိုယ်ပြန်ထိန်းနေပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်လို့နေတာတွေ့ရပါတယ်။ 

လတ်တလောမှာတော့ သူငယ်ချင်းဖြစ်တဲ့ ဒီဇိုင်နာမပုံရဲ့ ဝတ်စုံလေးတွေနဲ့ အရမ်းလှနေတဲ့ သက်မွန်မြင့်ရဲ့ ဓာတ်ပုံတွေကတော့ လူမှုစာမျက်နှာထက်မှာ နာမည်ကြီးလို့နေပြန်ပါတယ်။ သူမပါဝင်ရိုက်ကူးထားတဲ့ "မုဒြာခေါ်သံ" ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုအပြည့်အဝရရှိထားပြီး မကြာမီ ရုံတင်တော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ် ပရိသတ်ကြီးရေ.......

Source: Designer Ma Pont

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။