အနုပညာလောမှာ ဇာတ်ပို့ ဇာတ်ရန်ဆိုတာ မပါမဖြစ်တဲ့ အခန်း ကဏ္ဌာန်က ပါဝင်နေ ကြသူတွေ ပဲဖြစ်ပါတယ်။
ပေးအပ်ရာတာဝန် ကို ပီပြင်အောင် မငြီးအငြူ သရုပ်ဆောင်ကြ ရပြီး ပရိသတ်အချစ်တော် အနုပညာရှင်တွေကို ဇာတ်ရှိန်မြင့်အောင် အကောင်းဆုံး ပံ့ပိုးပေး ကြရတဲ့ အနုပညာ လောကသား တွေပဲ ဖြစ်ပါတယ်။

ယခုပရိသတ်တွေမြင်တွေ့ ရတဲ့ သင်္ကန်းဝတ်နဲ့ ကိုယ်တော်သုံးပါက ဘယ်သူတွေလည်းမှတ်မိရဲ့ လားပရိသတ်ကြီး။  

အနုပညာ လမ်းကြောင်းပေါ်မှာ ဆယ်စုနှစ် မက လျောက်လှမ်းဖြတ်သန်း လာခဲ့ကြပြီး ပရိသတ် တွေရဲ့ အချစ်ကို ယနေ့အထိ ထိန်းသိမ်း ထားနိုင် တဲ့ သရုပ်ဆောင် ကျော်ဇင်ထွဋ်, ကိုဘင်း, အောင်ဇော်မင်း တို့ပဲဖြစ်ပါတယ်။

သူတို့ဟာကျရာ ဇာတ်ရုပ်မှာ အကောင်းဆုံး ကြိုးစားကြပြီး တကယ်လဲထူးချွန်တဲ့ ဇာတ်ပို့ အနုပညာရှင်တွေ ပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပရိသတ်အချစ်တော် ဟာသဇာတ်ပို့ သရုပ်ဆောင်တွေရဲ့ သာဓု ခေါ်ဖွယ် ကြည်နူးစရာမြင်ကွင်း လေးကိုမြင်တွေ့ ရတာပဲဖြစ်ပါတယ်။  

ပရိသတ် အချစ်တော် သုံးယောက်ဟာ နိုဝင်ဘာ (၆)ရက်နေ့ ညနေပိုင်းမှာ သာသနာ့ဘောင် ထဲသို့ ဝင်ရောက်သွားခဲ့ ကြတာပဲ ဖြစ်ပါတယ်။ 

ကိုယ်တော်သုံးပါးဟာ စွန်းလွန်းဂူ ဝိပသနာ ကျောင်းတိုက်မှာ သင်္ကန်းဝတ်ခဲ့ ကြတာဖြစ်ပြီး ကြည်ညိုဖွယ် ကောင်းတဲ့ ဦးဇင်းသုံးပါးရဲ့ ပုံရိပ်လေး ဟာလည်း လူမှုကွန်ယက်မှာ ပျံနှံ့ လို့နေတာ ပဲဖြစ်ပါတယ်။

ဦးဇင်းတွေရဲ့ မိသားစု ဝင်တွေနဲ့ထပ်တူ ချစ်ပရိသတ်တွေ ဟာလည်း ဝမ်းသာ ကြည်နူး မဆုံးဖြစ်ခဲ့ရတာပဲဖြစ်ပါတယ်။ ကြည်ညိုဖွယ်ကောင်းတဲ့ ပရိသတ်အချစ်တော်ဦးဇင်းသုံးပါးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေသာဓုခေါ်ဆိုနိုင်ရန် မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ကျော်ဇင်ထွဋ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။