မိုုးကြိုးရဲတိုက်ကြီးဆီ ထွက်ခွာသွားတဲ့ မြန်မာယူ-၂၃

မိုးကြိ ုးရဲတိုက်ဆိုတာ ထိုင်းလိဂ်ချန်ပီယံဘူရီယမ်အသင်းရဲ့

အိမ်ကွင်း I-Mobile ကွင်းကြီးကိုပရိသတ်တွေခေါ်ကြတဲ့အမည်ပါ။

မြန်မာအသင်းပါ၀င်တဲ့ M-150ဖိတ်ခေါ်ဖလားပွဲကို ဘူရီယမ်ကွင်းမှာ

ကစားမှာပါ။မြန်မာအသင်းပါ၀င်တဲ့အုပ်စုမှာဗီယက်နမ်ယူ-၂၃အသင်းနဲ့

ဥဇဘက်ကစ္စတန်ယ-၂၃အသင်းတို ့ပါ၀င်ကြပါတယ်။နှစ်သင်း

စလုံးကအာရှယူ-၂၃ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင် ့ရထားလို ့

မြန်မာယူ-၂၃ထက်တော ့သာတယ်လို ့ပြောလို ့ရပါတယ်။

မြန်မာယူ-၂၃အသင်းဟာဗီယက်နမ်နဲ့၉ရက်နေ ့ညနေ

၃နာရီခွဲမှာကစားရမှာဖြစ်ပြီးဥဇဘက်နဲ့တော ့၁၁ရက်နေ ့ညနေရး၃၀မှာ

ကစားရမှာပါ။မြန်မာယူ-၂၃ဟာဒီပြိုင်ပွဲဝင်ဖို ့အတွက်ခြေစမ်းပွဲနှစ်ပွဲ

ကစားခဲ့ပြီးမွန်ဂိုလီးယားကိုရှှုံးပြီးMNL All Star ကိုတော ့သရေကျထားပါတယ်။

ဗီယက်နမ်ကဆီးဂိမ်းကကစားသမားအားလုံးပါ၀င်လာပေမယ် ့

မြန်မာအသင်းမှာတော ့မျက်နှာသစ်ကစားသမားတွေပါ၀င်လာပြီး

နာမည်ကျော်တိုက်စစ်မှုးအောင်သူ ပါ၀င်လာခြင်းမရှိပါဘူး။

တစ်ဖက်အုပ်စုမှာတော ့ထိုင်းယူ-၂၃၊ဂျပန်ယူ-၂၃၊မြောက်ကိုရီးယားယူ-၂၃တို ့

ပါ၀င်ပါတယ်။ဒီပြိုင်ပွဲဟာထိုင်းနိုင်ငံမှာကျင်းပတာမို ့ထိုင်းဘောလုံးကင်းထောက်

တွေဟာအာဆီယံကစားသမားတွေကိုခေါ်ယူဖို ့စောင် ့ကြည် ့နေမှာအသေအချာပါ။

မြန်မာကစားသမားတွေအနေနဲ့အောင်သူနောက်လိုက်ချင်ရင်ဒီပြိုင်ပွဲမှာ

ခြေစွမ်းပြနိုင်ဖို ့ကြိုးစားရမှာပါ။မြန်မာအသင်းအနေနဲ့လည်း

ဒီပြိုင်ပွဲဟာ၂၀၁၇ခုနှစ်ရဲ့ နောက်ဆုံးပွဲဖြစ်လို ့အောင်မြင်နဲ့အဆုံးသတ်နိုင်

ဖို ့အရေးကြီးလှပါတယ်။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။