လတ်တလောအနုပညာ လှုပ်ရှားမှုအနေနဲ့ တေးသီချင်းသီဆိုမှုတွေအပြင် ဇာက်ကားများတွင် ဇာက်ဆောင်မင်းသမီးအဖြစ်ပါ၀င် သရုပ်ဆောင်နေသည့် ပရိသတ်အချစ်တော် အဆိုတော် ပိုပိုသည် ့သရုပ်ဆောင်မင်းသားချော လူကြိုက်များတဲ့ မြင့်မြတ်ကို ငယ်စဉ်ကတည်းက စိတ်ဝင်စားခဲ့ကြောင်း သိရပါတယ်။ အနုပညာစတင်ပုံက တေးရေးအဖြစ် စတင်ခဲ့ပြီး တေးသီချင်းရေးရင်း ပရော်ဖက်ရှင်နယ် ဘဝကိုစတင်ခဲ့တယ်လို့ သိရပါတယ်။ 

သရုပ်ဆောင်မှု အပိုင်းနဲ့ပတ်သက်ပြီးတော့ ငယ်စဉ်က ထက်ထက်မိုးဦး ကိုနှစ်သက်အားပေးခဲ့ဖူးပါတယ်။ အသက်အရွယ်ကြီးလာချိန်မှာတော့ မင်းသမီးတိုင်းကို သဘောကျနှစ်သက်ပါတယ်လို့ ပြောပါတယ်။ သရုပ်ဆောင်အတော်များများကိုတော့ကြိုက်ပါတယ်။ Idol တော့ မရှိပါဘူး ဒါပေမယ့် ကိုမြင့်မြတ်ကိုတော့ ကြိုက်တယ် လို့ပြောပြခဲ့ပါတယ်။ ကိုမြင့်မြတ်ရိုက်တဲ့ဇာက်ကားထဲမှ မြင့်မြတ်အဖေက မြင့်မြတ်ကို နင်ငါ့သားမဟုတ်ဘူးလို့ ပြောတဲ့အခန်းမှာ ခံစားချက်နဲ့တိုက်ဆိုင်ပီး တစ်နာရီကျော်လောက်ငိုခဲ့ဖူးပါတယ်။ ကိုမြင့်မြတ်ရဲ့သရုပ်ဆောင်မှုကိုကြည့်ပြီး ငိုခဲ့ရတာပါလို့ပြောပြခဲ့ပါတယ်။

ကိုမြင့်မြတ်ရဲ့ ပရိသတ်ဖြစ်တာကြောင့် မြင့်မြတ်နှင့် ရိုက်ကူးခဲ့တဲ့ ရုပ်ကဒ်တွေမှာ တစ်ခါတလေ ရှက်ရှက်နဲ့ သရုပ်ဆောင်ခဲ့တယ်လို သိရပါတယ်။ ယခု တေးသီချင်းတွေကိုပြန်လည် ရေးသားနေပီဖြစ်ကြောင်း ကိုမနော သီချင်းအပ်ထားတာ ဘယ်လိုအကြောင်းအရာ ရေးပေးရင် ကောင်းမလဲ ? အခြားသူတွေအတွွက်ပါ ပြန်လည်ရေးသားနေပြီဖြစ်ကြောင်း ပြောပြထားပါတယ်။ အဆိုတော် ပိုပိုချစ်ပရိသတ်များ အတွက် မျှဝေလိုက်ပါတယ်။

Source- MMP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။