ဘဝပေးကုသိုလ်ကံမကောင်းမှုကြောင့် ပဲခူးတိုင်းမှ ယောက်ျားလျာတစ်ဦးသည် သားငယ်လေးနှင့်အတူ လောကဓံကို အံတုနေထိုင်နေပါတယ်။ မထိုက်ထိုက်သည် ငယ်စဉ်ကတည်းက ယောက်ျားတစ်ယောက်ကဲ့သို့ ပြုမှုနေထိုင်လာသော ယောက်ျားလျာတစ်ယောက်ဖြစ်ပါတယ်။ မထိုက်ထိုက်သည် ပဲခူတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့တွင် နေထိုင်သူတစ်ယောက်ဖြစ်ပါတယ်။ မထိုက်ထိုက်ကို ရုတ်တရက်ကြည့်လိုက်လျှင် ယောကျာ်းတစ်ယောက်ကဲ့သို့ပင်ဖြစ်ကာ လေယူလေသိမ်း ၀တ်ပုံစားပုံတို့ကလည်း ယောကျာ်းတစ်ယောက်ကဲ့သို့ပင်ဖြစ်ပါတယ်။ 

သို့သော် ထူးခြားချက်သည်က မထိုက်ထိုက်၏ လက်အတွင်းက ကလေးငယ်လေးပါ။ မထိုက်ထိုက်အနေဖြင့် ယောကျာ်းလျာတစ်ယောက်ဖြစ်သော်လည်း သားလေးတစ်ဦးပိုင်ဆိုင်ထားတာပါ။ ထို့ကဲ့သို့ သားကလေးတစ်ယောက်ပိုင်ဆိုင်လာရခြင်းမှာ အခြားယောကျ်ားသားတစ်ယောက်၏ လိင်အကြမ်းဖက်မှုကြောင့် ဖြစ်ပါတယ်။ မထိုက်ထိုက် အသက် ၃၅ နှစ်အရောက်တွင် လိင်အကြမ်းဖက်မှုကိုခံခဲ့ရတာပဲဖြစ်ပါတယ်။ မထိုက်ထိုက်၏ပြောဆိုချက်အရ အတွင်းသိတစ်ယောက်နှင့် အရက်သောက်ချိန်မှာ ထိုကဲ့သို့ အကြမ်းဖက်မှုခံခဲ့ရခြင်းဖြစ်ပါတယ်

မထိုက်ထိုက်အနေဖြင့် ကလေးအဖေဖြစ်သူကို တာဝန်ယူရန်ပြောခဲ့သော်လည်း ကလေးအဖေကထွက်ပြေးသွားခဲ့ပါတယ်။ မထိုက်ထိုက် ဗိုက်ကြီးလာချိန်တွင် ပတ်ဝန်းကျင်က အမျိုးမျိုး ဝေဖန်ခဲ့သော်လည်း ငါ့ထိုက်နှင့်ငါ့ကံဟု ဖြေသိမ်းခဲ့သည်ဟု မထိုက်ထိုက်ပြောကြားခဲ့ပါတယ်။ ကိုယ်ဝန်အပ်တဲ့အချိန်တွေမှာဆိုလျှင် ဆရာဝန်က အဖေနာမည်ပြောဟုမေးလျှင် ပန်းရံလုပ်တဲ့ကိုစိုးထိုက်ဟုပြောလိုက်ဆိုသော အပေါင်းအသင်းတွေ၏ပြောစကားကြောင့် ကလေးအဖေကိုစိုးထိုက်ဟု မထိုက်ထိုက်အမြဲပြန်ဖြေကြားခဲ့ပါတယ်။ သမီးလေးမွေးပါက မိမိကဲ့သို့ဖြစ်မည်စိုး၍ ဂေဟာထံပို့မည်ဟု တွေးကာ ယောကျာ်းလေးမွေးပါက မိမိမွေးမည်ဟု ဆုံးဖြတ်ခဲ့ကာ ယောကျာ်းလေးမွေးသောကြောင့် သူနှင့်အတူ စောင့်ရှောက်ထားတာဟု မထိုက်ထိုက်က ပြောခဲ့ပါတယ်။ ယခုအခါ လေးလကျော်ပြီဖြစ်သော သားလေးကို တရိပ်ရိပ်စောင့်ရှောက်ပြီး မိမိကထမင်းမစားရသည့်နေများရှိနေပါစေ သားလေးကိုတော့ လိုလေးသေးမရှိထားကာ ထိုက်ထိုက်တစ်ယောက် လောကဓံကို အံတုလျက် သားလေးနှင့်အတူ နေထိုင်လျက်ရှိပါတယ်။

Source – Irrawaddy 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။