ပြည်သူ့အသည်းကျော်လေးအေးသောင်းတစ်ယောက် ကိုရီးယားနိုင်ငံမှာ အချက်အပြုတ် တွေနဲ့ ပျော်နေ လေရဲ့။ ရိုးရာဝတ်စုံလေးဝတ်ပြီး ချက်ပြုတ်နေပုံလေးက ချစ်စရာလေးပါ ပရိတ် သတ်ကြီးရေ။ ကိုရီးယား မလေးနဲ့တောင် ခပ်ဆင်ဆင်တူနေတဲ့ အေးသောင်းရဲ့ချစ်စဖွယ် ပုံရိပ် လေးတွေက ပရိတ်သတ်ကြီးကို ပိုမိုဆွဲဆောင်နေသလိုပါပဲ။ အနုပညာလောကထဲကို အသက် ငယ်ငယ်လေးနဲ့ နှင်းဝတ်ရည်သောင်းနဲ့ အေးဝတ်ရည်သောင်းရယ်လို့ ညီအမနှစ်ယောက် အတူတူ ဝင်ရောက်ခဲ့ကြပြီး ပရိတ်သတ်အသိအမှတ် ပြုခံခဲ့ရပါတယ်။ နောက်ပိုင်းတွေမှာ တော့ နှစ်ယောက်လုံး အချိန်အတော်ကြာ အနုပညာလောက ကနေ ပျောက်ကွယ်သွားခဲ့ပြီး ပြန်လည်ဝင်ရောက်လာချိန်မှာတော့ အသက်သုံးဆယ်ကျော်အရွယ် ရင့်ကျက်တဲ့အမျိုးသမီး တစ်ဦးဖြစ်နေခဲ့ပြီး မအေးသောင်းရယ်လို့ ပရိတ်သတ်အားပေးမှုကို ရရှိခဲ့သူပါ။

အမဖြစ်သူ နှင်းဝတ်ရည်သောင်းတစ်ယောက်ကတော့ အင်္ဂလန်နိုင်ငံမှာအလုပ်လုပ်ရင်း ဘဝကို အေးဆေးစွာဖြတ်သန်းနေပါတယ်။ အေးသောင်းကတော့ အနုပညာလုပ်ငန်းကို ဝါသနာပါတာမို့ သူမရဲ့တည်ငြိမ်ရင့်ကျက်တဲ့ အလှတရားတွေနဲ့ ပရိတ်သတ်တွေကို ပြန်လည် ဖမ်းစားထားပါတယ်။ သူမဟာအောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် အနုပညာလမ်း ကြောင်းပေါ်ကို ပြန်လည် ဝင်ရောက်ခဲ့ပြီး အခုဆိုရင်ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြော်ငြာတွေ အများအပြားရိုက်ကူးနေရပြီပဲဖြစ်ပါတယ်။ သူမကိုချစ်ခင်အားပေးတဲ့ ပရိတ်သတ်တွေကလည်း အများအပြားရှိနေကြပါတယ်။

လတ်တလောမှာတော့ သူမက ကိုရီးယားနိုင်ငံကို Samsung Quiz Show Myanmar အစီ အစဉ် အတွက် ရောက်ရှိနေ တာဖြစ်ပါတယ်။ သူမရဲ့ချစ်စဖွယ်အလှတရားတွေကို ပရိတ် သတ်ကြီးဆီ အရောက်ပို့ပေးချင်ပါတယ်။ ကိုရီးယားနိုင်ငံမှာ ကိုရီးယားရိုးရာဝတ်စုံလေးဝတ် ပြီး “ မိန်းကလေး ဆိုတော့ အချက်အပြုတ်ဝါသနာပါတာပေါ့ရှင့် ” ဆိုတဲ့စာလေးနဲ့ သူမရဲ့ချစ် စဖွယ်ပုံလေးတွေကို တွဲဖက်တင်ထားတာဖြစ်ပါတယ်။ အေးသောင်းရဲ့ချစ်စဖွယ် ပုံရိပ်လေး တွေကို ပရိတ်သတ်ကြီး ခံစားကြည့်ရှုပေးပါဦးနော်။

Photo – Aye Thaung’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။