ကျန်းမာရေး

မျက်နှာလေးပြည့်ဖူးတင်းရင်းကာ လှပနေစေဖို့ အတွက်

Kay လွန်ခဲ့သော ၁၁ နေ့ က

မိန်းခလေးတိုင်း ပါးရိုးများချိုင့်နေတဲ့ အလှကိုတော့ ဘယ်သူမှမလိုချင်ကြပါဘူး။ ပါးဖောင်း ဖောင်းလေးနဲ့ ပြည့်ဖြိုးနေကာ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကိုသာ ပိုင်ဆိုင်လိုကြပါတယ်။ ပါးမို့မိုလေးပေါ် ပန်းနှရောင် ပါးနီလေးခြယ်သထားတဲ့ ချစ်စရာကောင်မ လေးတစ်ယောက် အသွင်ကို  ဖန်တီးဖို့ အချိန် မိနစ် (၃၀)သာ လိုအပ်ပါတယ် ။

ပြုလုပ်ပုံ (၁) ( ပန်းသီး )

အနေတော်ပန်းသီးတစ်လုံးကိုယူပြီး ရေစင်အောင်ဆေးပါ။ ရေဆေးပြီးပါက အတုံးသေးသေးလေး တွေလှီးပြီး Grinder ထဲထည့်ပြီး ဖျော်ပါ။

ရလာတဲ့ ပန်းသီးအပျစ်အရည်များကို ပါးပေါ်လိမ်းပေးပါ။ နာရီဝက်လောက်ကြာရင်တော့ ရေဆေးချလို့ ရပါပြီ။ ဒီနည်းလမ်းကတော့ ပန်းသီးနဲ့ ပါးဖောင်းဖောင်းလေးဖြစ်အောင်လုပ်တဲ့ ပထမနည်းလမ်း ပါ။

ပြုလုပ်ပုံ (၂) (ထောပတ်)

ထောပတ်မှာပါတဲ့ ဖက်တီအက်ဆစ်နဲ့ ဗီတာမင်အီးဓာတ်တွေက အသားရည်ကို တင်းရင်းစေပြီး အစိုဓာတ်ထိန်းပေးပါတယ်။

ထောပတ်အနည်းငယ်ကိုယူပြီး ပါးပြင်အနှံလိမ်းပေးပါ။ (၅) မိနစ်လောက်ကြာရင်တော့ ရေဆေးချ လို့ရပါပြီ။ ဒီနည်းလမ်းလေးကတော့ ထောပတ်သုံးပြီး ပါးလေးတွေတင်းတင်း ရင်းရင်းနဲ့ ပြည့်ဖောင်း လာအောင်လုပ်တဲ့ နည်းလမ်းပါ။

ကဲ….ပျိုမေတို့ရေ ပါးဖောင်းဖောင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့အလှကို လွယ်ကူရိုးရှင်းတဲ့ နည်းလမ်း လေးတွေနဲ့ ရယူလိုက်ရအောင်နော် ။

Source - Doctor Aye Min Htoo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။