နိုင်ငံတကာသတင်းများ

လိင်အရုပ်(Sex Doll)ကိုရဖို့ ထူးထူးဆန်းဆန်း ဓားပြတိုက်ခဲ့သူ

Hein လွန်ခဲ့သော ၁၁ နေ့ က

ယခုခေတ်လို နည်းပညာမြင့်ခေတ်ကြီးမှာ ဘယ်အရာမဆိုအလွယ်တကူ ရရှိလာပြီဖြစ်ပါတယ်။ ဒါ့အပြင် နည်းပညာတွေ တိုးတက်လာတာနဲ့အညီ ထုတ်လုပ်ရေးတွေ ကောင်းမွန်လာရာ လိင်အရုပ်များပင်ထုတ်လုပ်လာနိုင်ပြီဖြစ်ပါတယ်။ အဆိုပါလိင်အရုပ်များက လူနှင့်ပင်တစ်ပုံစံတည်းထပ်တူကျကာ လှလှပပချောချောမောမော ရုပ်လေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ သို့သော် အရုပ်တစ်ရုပ်၏တန်ဖိုးက မနည်းလှပါဘူး။

အနောက်တိုင်းနိုင်ငံများမှာတော့ အဆိုပါ အရုပ်များကို ၀ယ်ယူတဲ့ ယောကျာ်းသားများစွာရှိပါတယ်။ ယခုအခါမှာတော့ အဆိုပါ လိင်အရုပ်တစ်ရုပ်အတွက်နှင့် ဓားပြမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ဓားပြမှုကတော့ သြစတျေးလျနိုင်ငံမှာဖြစ်ပွားခဲ့တာပါ။ မဲဘုန်းမြို့ရှိ လိင်အရုပ်ရောင်းဆိုင်တစ်ဆိုင်မှာ အဆိုပါ ဓားပြမှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ 

ဗင်ကားတစ်စီးအနေဖြင့် အဆိုပါဆိုင်သို့အပြင်းမောင်းကာရောက်ရှိလာခဲ့ပါတယ်။ ထို့နောက် ကားပေါ်မှာ သေနတ်နှင့်လူတစ်ယောက်ဆင်းလာကာ သေနတ်ဖြင့် ဆိုင်ကို ပစ်ခဲ့တာပါ။ ထို့နောက် Dorothy လို့အမည်ရတဲ့ လိင်အရုပ်ကိုယူကာ ကားပေါ်သို့တက်ပြီး မောင်းနှင်သွားပါတယ်။ ထိုလိင်အရုပ်က ဒေါ်လာ၅ထောင်တန်ဖိုးရှိပြီး မြန်မာငွေဖြင့်ဆိုလျှင် သိန်း၆၀ကျော်ပါတယ်။ ရဲတွေအနေဖြင့် လက်ရှိအချိန်မှာ ဓားပြကို ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရှိရပါတယ်။

Hein (Mg Lu Aye)

Source – Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။