မိခင်တစ်ယောက်ရဲ့ မေတ္တာတွေကို ထင်ဟပ်စေပြီး သားသမီးနဲ့ မိဘတွေကြား မေတ္တာတရားတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ထာဝရအမေ ရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာနိုင်ငံမှာသာမက ပြည်ပနိုင်ငံတွေမှာပါ ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

“ထာဝရအမေ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒေါက်တာခင်မောင်ဝင်း ကိုယ်တိုင်ရေးသားထားတဲ့ဝတ္တုကို ဒါရိုက်တာ ဇင်ရော်မောင်မောင်က အခြေခံ ရိုက်ကူးထားတာ ဖြစ်ပြီး အမေကို ချစ်တဲ့ သားတစ်ယောက်ရဲ့ ဆန္ဒနဲ့ နှလုံးသားကို ရိုက်ကူးခဲ့တာပါလို့ ဆိုပါတယ်..။

“ထာဝရအမေ” ရုပ်ရှင်ဇာတ်ကားဟာ အသည်းအထူးကုဆရာဝန်ကြီး ဒေါက်တာဦးခင်မောင်ဝင်းရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်..။

ထို ရုပ်ရှင်ဇာတ်ကားကြီးကို သိန်း(၃၀၀၀)ကျော် အကုန်အကျခံပြီး ရိုက်ကူးထားပြီး မြန်မာနိုင်ငံမှာ လာမယ့် ဒီဇင်ဘာ(၈)ရက်နေ့မှာ စတင်ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

မြန်မာနိုင်ငံမှာ ပြသပြီးတဲ့နောက် ပြည်ပနိုင်ငံတွေမှာတော့ ပထမဆုံး စင်ကာပူနဲ့ အမေရိကား ဆန်ဖရန်စစ်စကို၊ ထိုင်း၊ အင်္ဂလန် နဲ့ အိန္ဒိယ စတဲ့ နိုင်ငံ (၅) နိုင်ငံမှာပါ ပြသသွားမှာ ဖြစ်ပါတယ်..။

“ထာဝရအမေ” ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကိုတော့ ဒီဇင်ဘာ(၆)ရက်နေ့က သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပြီး အနုပညာရှင်များစွာ တတ်ရောက်ခဲ့ကြပြီး ဝတ္တုရေးသားထားတဲ့ ဒေါက်တာ ခင်မောင်ဝင်း ကိုယ်တိုင်လည်း တတ်ရောက်ခဲ့ပါတယ်..။

“ထာဝရအမေ” ရုပ်ရှင်ဇာတ်ကားဟာ ဒါရိုက်တာ ဇင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ (၁၂)နှစ်ကြာ ကွဲကွာပြီးမှ ပထမဆုံး ပြန်လည် ဆုံစည်းပြီး ရိုက်ကူးခဲ့တာ ဇာတ်ကားကြီး ဖြစ်ပြီး မိသားစု (၃)ယောက် အကောင်းဆုံး ကြိုးစားရိုက်ကူးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်..။

မိဘနဲ့ သားသမီးကြား ချစ်ခြင်းမေတ္တာတွေကို ရိုက်ကူးပုံဖော်ထားတဲ့ “ထာဝရအမေ” ရုပ်ရှင် ဇာတ်ကားကြီးမှာတော့ နေတိုး၊ ဝတ်မှုံရွှေရည်၊ ရဲအောင်၊ မေသန်းနုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဧည့်သည် သရုပ်ဆောင်အဖြစ် ထွန်းကိုကိုက ပါဝင်သရုပ်ဆောင်တယ်လို့ သိရပါတယ်..။

မိခင်တစ်ယောက်ရဲ့ ကြီးမြတ်တဲ့ မေတ္တာတရားတွေနဲ့ သားသမီးနဲ့ မိဘတွေကြားက ချစ်ခြင်းတွေကို ပုံဖော်ပေးထားတဲ့ ထိုရုပ်ရှင် ဇာတ်ကားကြီးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်..။

Source - Cele YatKwat

Photo - ဇင်ရော်မောင်မောင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။