ချစ်သူနှစ်ဦးပဲဖြစ်ဖြစ် ဆွေးမျိုးအသိုင်းအဝိုင်းက သဘောတူလိုပဲဖြစ်ဖြစ် မင်္ဂလာဆောင်တော့မယ်ဆိုရင် ငွေကြေး၊ လူပင်ပန်း၊စိတ်ပင်ပန်းဖြစ်ရတာ မင်္ဂလာဆောင်ဖူးတဲ့သူတိုင်းကြုံတွေ့ရမှာပါနော် တစ်ဖက်မှာလည်း ကိုယ်ချစ်သူနဲ့ အတူတူနေနိုင်ပြီးဆိုပြီး ဝမ်းသာပီတိဖြစ်နေရတာဆိုလည်း မမှားပါဘူး ၊တစ်သက်မှာတစ်ခါသာ မင်္ဂလာဆေင်ခွင့်ရကြတဲ့ မိန်းကလေးတွေကလည်း ရင်ခုန်စိတ်လှုပ်ရှားမှု၊ မင်္ဂလာဝတ်စုံ၊ ဖိတ်စာ ၊နေရာထိုင်ခင်း အဆင်ပြေမပြေ သတိုးသားဘက်က စိတ်ပူရသလို သတိုးသမီးဘက်ကလည်း အနည်းနဲ့အများစိတ်ပူရတာပါပဲ၊ မင်္ဂလာဆောင်မယ်ဆိုရင် လက်တွဲသူနှစ်ဦးအပေါ်မှာ သက်ဆိုင်တာမဟုတ်ပါဘူုး၊ သူတို့ရဲ့အသိုင်းအဝိုင်း ဆွေးမျိုးမိတ်ဆွေ အရာအားလုံးက နှစ်ကိုယ့်တစ်အိမ်ဆိုသလိုမျိုးနေကြရမှာပါ၊ ဒီအထဲမှာမှ ကျန်းမာရေးက လည်းပေါ့ပေါ့နေလို့မရပါဘူးနော်၊

လက်မထပ်ရသေးခင် ချစ်သူနှစ်ဦးလုံး ကျန်းမာရေးစစ်ဆေးမှုလေးလုပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်၊ ဒါကတစ်ကယ်အရေးကြီးပါတယ်ရှင့် အရေးကြီးဆုံးနဲ့ ကြောက်စရာအကောင်းဆုံးကတော့ လိင်မှတဆင့် ကူးစက်ရောဂါပါပဲ၊ ချစ်ရသူနှစ်ဦးမင်္ဂလာဆောင်ပြီး အိမ်ထောင်တစ်ခုကိုတည်ထောင်ပြီးဆိုရင် လိင်မှုကိစ္စက မပါမဖြစ်ပါနော်၊ ဒါကြောင့် နှစ်ဦးလုံးဆေးစစ်ချက်ခံယူဖို့ကို တိုက်တွန်းချင်ပါတယ်၊ ရောဂါဖြစ်လာမှ ဆေးကူတာထက် မဖြစ်ခင်ကြိုတင်ကာကွယ်တာက ပိုထိရောက်တယ်မဟုတ်ပါလားရှင့်၊ တစ်ကယ်လို ဆေးစစ်ချက်ခံယူပြီး ရောဂါတွေ့ရင် ရောဂါပျေက်တဲ့ အထိကူးသဖို့နဲ့ မပျေက် ကင်းနိုင်တဲ့ HIV လို့မျိုးရောဂါ မျိုးရှိခဲ့ရင်လည်း ဆရာဝန်နဲ့ညှိနှိုင်းတိုင်ပင်ပြီး အကာအကွယ်သုံးခြင်းနဲ့ ဆေးစားခြင်းတွေကို တစ်သက်လုံး လုပ်သွားလို့ရပါတယ်၊

အိမ်ထောင်တစ်ခုပြုပြီးရင် ကလေးယူခြင်းကလည်း မပါမဖြစ်ပါနော်၊ စီးပွားရေးတွေကျပ်တည်းနေတဲ့ခေတ်ထဲမှာ ကလေးမယူဖြစ်သေးဘူးဆိုရင်လည်း ကာကွယ်တားဆီးဖို့နဲ့ ဆောင်သင့် ရှောင်သင့်တာတွေကို ကြိုတင်လုပ်ထားဖို့တိုက်တွန်းချင်ပါတယ်၊ ကလေးယူရင်လည်း သားသမီးတစ်ဦးနဲ့တစ်ဦး အနည်းဆုံး ၂ နှစ်လောက်ခြားပြီး ကလေးယူသင့်ပါတယ်၊ တစ်နှစ်တစ်ယောက်နှုန်းယူနေရင်တော့ ကလေးအနေနဲ့ရော မိခင်အတွက်ပါ ကျန်းမာရေးချို့တဲ့နိုင်တဲ့ အခြေအနေ ပိုများနိုင်ပါတယ်၊ ကလေးအနေနဲ့ညဏ်ရည်မဖွဲ့ဖြိုးတာ ကြီးထွက်မှု့နည်းကွေးတာ တွေဖြစ်လာစေပါတယ်၊ ဒါကြောင်း အိမ်ထောင်တစ်ခုမှာ ကျန်းမာရေးကောင်းပြီး သာယာပျော်ရွင်ဖို့အတွက် ခင်ပွန်းကလည်းခင်ပွန်းကျင့်ဝတ် ကိုယ်ကျင့်တရားကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်၊ ဇနီးကလည်းဇနီးကျင့်ဝတ်နှင့်အညီ အိမ်ထောင် ထိန်းသိမ်းတတ်ဖို့ အရေးကြီးပါတယ်၊ အိမ်ထောင် တစ်ခုမှာ ခင်ပွန်းရော၊ဇနီးနှစ်ဦးလုံး စောင့်ထိန်းနိုင်မှ အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခုကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်

source : Healthy Planet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။