ပရီးမီယားလိဂ် အသင်းကြီးတစ်သင်းဖြစ်တဲ့ အာဆင်နယ် အသင်းသည် ပြည်တွင်းပြည်ပ ပရိတ်သတ်အခိုင်မာရအသင်းကြီးတစ်သင်း ဖြစ်သလို စည်းလုံးညီညွတ်မှု အပြည့်ရှိတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ကစားပွဲတိုင်းတွင်အမြဲ ညီညွတ်မှုဖြင့် ကစားတက်ကြပြီး အပြင်လောကနယ်ပယ်များတွင်လည်း ညီညီညွတ်ညွတ် ပူးပေါင်းလုပ်ဆောင်တက်ကြပါတယ်။ ယခု အာဆင်နယ်အသင်းရဲ့ကစားသမားတွေဟာ ဘိုရီဆော့ဗ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲ မကစာခင်မှာ လန်ဒန်ကဆေးရုံအချို့ကို သွားရောက်ပြီး ကုသိုလ်ရေးလုပ်ငန်းတွေ လုပ်ဆောင်သွားကြပါတယ်။ 

ဂန်းနားအုပ်စုဟာ Whittington Hospital, University Hospital တွေကို သွားရောက်ခဲ့ပြီး လူနာရှင်တွေကို အမှတ်တရလက်ဆောင် ပစ္စည်းတွေပေးအပ်ကာ လူတာတွေကို အားပေးစကားများ ပြောကြားသွားခဲ့ကြပါတယ်။ ခုလိုလည်ပတ်ဖို့အတွက် အာဆင်နယ်အသင်းနည်းပြကြီး အာဆင်ဝင်းဂါး မှ နားရက် (၂) ရက်ပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ယခုလိုသွားရောက်လည်ပတ်ခဲ့တဲ့ အဖွဲ့ထဲမှာ အိုဇေး၊ ဆန်းချက်၊ ချာကာ၊ မာတီဆက်ကာ၊ ကိုစီရယ်နီ၊ ဂျီရူးနဲ့ အခြားသူများလည်း ပါ၀င်ခဲ့တယ်လို့ သိရပါတယ်။

မြင့်မြတ်သောစိတ်ထားများနဲ့ ကုသိုလ်ယူခဲ့သော အာဆင်နယ်အသင်းသားများ အကောင်းဆုံးရလဒ်တွေ ရရှိပြီး ဒီတပတ်မှာ အကောင်းဆုံး ရလဒ်တွေနဲ့ ဂိုးပြတ်နိုင်ပွဲတွေ ရရှိနိင်ပါစေ။ အာဆင်နယ် အသင်းသားများနဲ့အတူ ကုသိုလ်များကို မျှဝေပေးလိုက်ပါတယ်။

Source- SP 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။