နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်တဲ့ တိုင်းရင်းသူလေး M Seng Lu တစ်ယောက် Myanmar Model Dress Fashion Show ပွဲတစ်ခုကိုရောက်ရှိနေတာဖြစ်ပါတယ်။ ဒီပွဲလေးကို စီစဉ်သူ တွေကတော့ Justice Art (Z Htoi San) အဖွဲ့မှဖြစ်ပါတယ်။ သူမဟာအောင်မြင်တဲ့ မော်ဒယ် တစ်ဦးအဖြစ် အနုပညာလောကမှာ ရပ်တည်နေတာဖြစ်ပြီး သီချင်း MTV တွေ Photo Shooting တွေ ကြော်ငြာတွေ ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူမရဲ့ပုံစံ လေးတွေကြောင့် ပရိတ်သတ်အများစု ဝန်းရံခံရတဲ့ Celebrity တွေထဲက တစ်ယောက် အပါ အဝင်ပါပဲ။

အနက်ရောင်ကြိုးတစ်လုံးဂါဝန်အတိုလေးဟာ သူမနဲ့လိုက်ဖက်တင့်တယ်လို့နေပါတယ်။ အမြဲ တမ်း ခပ်မိုက်မိုက်ပုံစံလေးတွေနဲ့ ပရိတ်သတ်ကိုဖမ်းစားလွန်းသူ မော်ဒယ်တစ်ဦးဖြစ်တဲ့ M Seng Lu ကို အားပေးသူပရိတ်သတ်တွေကလည်း ချစ်ခင်နှစ်သက်ကြပါတယ်။ သူမရဲ့ အလန်းစားပုံတွေကို ပွဲမစခင် ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ သူမရိုက်ထားတဲ့ပုံလေးတွေထဲ မှာ ပရိတ်သတ်ကိုပြုံးပျော်စေနိုင်တဲ့ ပုံစံအချို့တွေလည်းပါဝင်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ သူမရဲ့ ပုံစံလေးတွေက ပွင့်လင်းသွက်လက်နေပြီး ပရိတ်သတ်တွေရဲ့အချစ်ကို ပိုမိုရယူနေသလိုပါပဲ။

သူမရဲ့ Facebook မှာ myanmar modern dresses Fashion show By -justice art(z Htoi San) ဒါကတော့ပွဲမစခင် ယောက်ယပ်သီးသန့် ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ ပျော် တတ်တဲ့သူငယ်ချင်းတွေနဲ့အတူ ခပ်ပြောင်ပြောင်ပုံလေးတစ်ပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ သူမရဲ့ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် ထပ်ဆင့်ပြန်လည်ဝေမျှ ပေးလိုက်ပါတယ်။

Photo – M Seng Lu’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။