18.11.2016 ရက်နေ့ မနက် 11:00 အချိန်တွင် ကျမ မကလျာလွင် အင်္ဂလိပ် ဧည့်လမ်းညွန် သည် အလုပ်ကိစ္စဖြင့် မြို့ထဲအသွား ပါရမီယာဉ်လိုင်း(အဓိပဓိ.အဝါ ) ယာဉ်အမှတ်..1F-4403 စီးလာရာ စပါယ်ယာမှ ကားပေါ်တွင် တခြားအမျိုးသမီးတစ်ဦးဖြင့်ရန်ဖြစ် စကားများကြရာမှ မဲပြီး ကျမရပ်နေရာနေရာအရောက်တွင် ကျမ အား သူ့ခန္ဓာကိုယ် ဖြင့် တမင်တိုက်သွားသဖြင့် ကျမ ခြေထောက်အား တက်နင်းမိပီး လူက ရှေ့သို့ယိုင်သွားသဖြင့် ကျမမှ ဖြေးဖြေး တိုးရန်နှင့်ခြေထောက်တတ်နင်းမိကြောင်း ပြောလိုက်ပါသည် ထို့နောက် စပါယ်ယာမှ ခရီးသွားများကို ကြမ်းတမ်းစွာ အော်ဟစ်ပြောဆိုနေပါသည်။

ထို့နောက် နောက်တကြိမ် ကျမနား ပြန်လာကာ ဘေးကပ်နေသောကျမအား ထပ်မံတိုးခိုင်းကာ ထပ်မံရန်စပါသည် ကျမမှ ဘေးကပ်ပေးထားကြောင်း ပြန်ပြောနေစဉ် ရုတ်တရတ် ကျမအား လက်သီးဖြင့်မျက်နှာအားထိုးပြီး လည်ပင်းညစ်ပါသည် ကျမမှ ရုန်းကန်စဉ် ကျမအား အကျင်္ီဆွဲပြီး ရင်ဘက်အား တွန်းပါသည် ထိုစဉ် ခရီးသွားများမှ ဝိုင်းစွဲ သဖြင့် ကျမသက်သာရာရသွားပါသည်။

ကျမ မှနီးစပ်သောရဲစခန်းသို့မောင်းပေးရန်နှင့် တိုင်မည်ဖြစ်ကြောင်း ပြောသောအခါ စပါယ်ယာမှ တိုင်ချင်ယာတိုင် ဂရုမစိုက်ဟု ပြန်လည်ရိုင်းစိုင်းစွာ ပြောပါသည်။ခရီးသွားများမှ ဥပဒေဖြင့်သာတိုင်ရန်အားပေးပြီး သက်သေလိုက်မည်ပြော သောအခါ ကားဒရိုင်ဘာနှင့် ကျန်စပါယ်ယာတို့မှ အခင်းဖြစ်သောစပါယ်ယာကို ရှောင်ခိုင်းလိုက်ပါသည် ။ ထို့ပြင် ကျမအား ရဲစခန်းသို ့ ကားကို ဆက်မသွားပဲ ဝေဘူလ မှတ်တိုင်တွင်သာ ကားကို ရပ်ထားပါသည်

ရှေ့ဆက်မမောင်းပေးပါ ရှေ့မှတ်တိုင် သုဝဏ္ဏရဲစခန်း တွင် ကျမမှ လှမ်းတိုင်ထားသောကြောင့် ရဲများ စောင့်နေသဖြင့် ဆက်မမောင်းပဲ ခရီးသည် အားလုံးကို နောက်ကားပေါ် အကုန်တင်ပေးလိုက်ပါသည် ကျမမှ ရဲစခန်းသို့ ကိုယ်တိုင်ပဲသွားရောက်ခဲ့ပီး အမှုဖွင့်ခဲ့ရပါသည် ၄င်းဖြစ်စဉ်ကြောင့် ကျမသည် လတ်တလောတွင် ဒဏ်ယာကြောင့် လက်ခံထားသော TOUR များ မလိုက်နိုင်ပဲ အိမ်တွင် နားနေရပါသည်။

ဆုံးရှုံးနစ်နာမှုများစွာ ဖြစ်ရပါသည်။စပါယ်ယာမှာလည်း လိုင်စင်မဲ့ဖြစ်ပြီး ကျန်နှစ်ဦးမှာလည်း ယာဉ်မောင်းဝတ်စုံ ဝတ်ဆင်ထားခြင်းမရှိ လိုင်စင်ရှိမရှိ( မသိ) ယာဉ်မောင်းမှယာဉ်နောက်လိုက်အား ပြောဆိုဆုံးမခြင်းမရှိ ထိုကြောင့် နောက်နောင် အများပြည်သူခရီးသွားများ ထိုသို့မဖြစ်စေရန် တင်ပြအပ်ပါသည်………

(အလားတူဖြစ်ရပ်တွေ ရန်ကုန်မြို ့ပေါ်မှာ နေ ့စဉ်နဲ ့အမျှ ဖြစ်ပေါ်နေတယ်ဆိုတာ နေ ့စဉ်ဘတ်စ်ကားစီး

ပြီးသွားလာနေရတဲ့ ခရီးသွားပြည်သူတွေအသိဆုံးပါ။ သက်ဆိုင်ရာတာဝန်ရှိသူတွေ ဒီလိုခရီးသွားပြည်သူတွေကို အနိုင်ကျင့်စော်ကားနေတာတွေကို ထိထိရောက်ရောက်ကြပ်ကြပ်မတ်မတ် မတားဆီးပေးနိုင်ဘူးဆိုရင် အခြေအနေဟာ တနေ ့ထက်တနေ ့ပိုဆိုးလာဖို ့ပဲရှိတော့တယ်)

Myanmar Update News Agency - မြန်မာ့သတင်းထူးသတင်းဦးများ သို ့ပေးပို ့လာတာပါ။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။