မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒေါ့မွန်အသင်းကို ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ရမှတ် ၁၃ မှတ်နဲ့ အုပ်စု ဒုတိယနေရာကိုရရှိခဲ့ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တတ်လှမ်းခဲ့တာလည်းဖြစ်ပါတယ်။အုပ်စုပထမနေရာနဲ့နောက်တဆင့်တတ်လှမ်းခဲ့တာကတော့ စပါးအသင်းပဲဖြစ်ပါတယ်။ဒေါ့မွန်အသင်းကတော့ ချန်ပီယံလိဂ်ကနေလက်ပြနူတ်ဆက်ခဲ့ရပြီဖြစ်ပြီး ယူရိုပါလိဂ်မှာ ယှဉ်ပြိုင်သွားရမှာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ စီရော်နယ်ဒို၊ မာရိုရယ်၊ ဗက်ကွက်၊ အစ္စကို၊ ကတ်စမဲရိုး၊ ကိုဗာဆစ် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဒေါ့မွန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ကာဂါဝါ၊ အော်ဘာမီယန်၊ ပူလီဆစ်၊ ဂွာရဲရီရိုး ၊ ဒဲဟော့ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒေါ့မွန်အသင်းကို ဖိအားပေးတိုက်စစ်ဆင်နိုင်ခဲ့ပြီး အနိုင်ရလဒ်ကို ရယူခဲ့တာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲစလို့ ၈ မိနစ်မှာပဲ မာရိုရယ် က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၁၂ မိနစ်မှာတော့ စီရော်နယ်ဒိုကရီးရဲလ်မက်ဒရစ်အသင်းအတွက် ဒုတိယဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှုးအော်ဘာမီယန်က (၄၃ မိနစ်, ၄၈ မိနစ်) မှာ ချေပဂိုး ၂ ဂိုး ပြန်သွင်းယူပေးနိုင်ခဲ့ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းအတွက် အနိုင်ဂိုးကိုတော့ ဗက်ကွက် က ၈၁ မိနစ်မှာသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။