သဘာဝ အဆီများက အိမ်မှာ အဆင်သင့် ရှိနေတယ် ဆိုရင်လည်း အကျိုးရှိစွာ အသုံးပြုလို့ ရပြီး ၀ယ်ယူ သုံးစွဲမယ်ဆိုရင်လည်း မှန်ကန်စွာ ရွေးချယ် အသုံးပြုဖို့ လိုအပ်ပါတယ်။ သဘာဝ အဆီများနှင့် ပတ်သက်ပြီး အသားအရေအတွက် ဘယ်လို အသုံးဝင်တယ် ဆိုတာကို သိရှိစေရန်နှင့် ကျန်းမာရေးနှင့် အလှအပ ရေးရာအတွက် ဗဟုသုတ ရရှိစေရန် ဖော်ပြပေးလိုက်ပါတယ်။

သံလွင်ဆီ

ခြောက်သွေ့ပြီး ထိခိုက်လွယ်သော အရေပြားအတွက် အထူးကောင်းမွန်ပါတယ်။ အရေးအကြောင်း ထင်ရှားခြင်းကို ကာကွယ်ပေးနိုင်ပြီး အာနိသင်ရှိသော Moisturizer တစ်မျိုးအနေဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ အရေပြားကို နူးညံ့ချောမွေ့စေနိုင်ပါတယ်။ 

စပျစ်သီးအဆီ

မျက်နှာပြင် အဆီထုတ်လုပ်မှုကို ထိန်းညှိပေးနိုင်ပါတယ်။ အဆီပြန်သော အရေပြားပိုင်ရှင်များအတွက် အထူးသင့်လျော်ပါတယ်။ ကျယ်နေသော ချွေးပေါက်များကို ပြန်၍ သိပ်သည်းစေ ကျဉ်းစေနိုင်ပါတယ်။

ဗာဒံစေ့အဆီ

အရေပြားအားလုံးအတွက် အထူးသင့်လျော့ပါတယ်။ ခြောက်သွေ့ပြီး ထိခိုက်လွယ်သော အရေပြားအတွက် အထူးကောင်းမွန်ပါတယ်။ ဆံကေသာခြောက်သွေ့သူများအတွက် ဆံပင်တွင်လည်း လိမ်းကျံပေးနိုင်ပါတယ်။ 

ထောပတ်သီးအဆီ

ဗီတာမင် A ၊ E နဲ့ ဒီတို့ပါ၀င်ပြီး ထိခိုက်လွယ်သော အရေပြားအတွက် အထူးကောင်းမွန်ပါတယ်။ အရေပြားရှိ ကော်လာဂျင်ထုတ်လုပ်မှု ပမာဏကိုလည်း တိုးတက်လာစေနိုင်ပါတယ်။

Lavender (လာဗင်ဒါ) ခေါ် ရေမွှေးဆီ

အဆီပြန်ပြီး ၀က်ခြံအဖုအပိမ့် မကြာခဏ ထွက်လွယ်သော အရေပြားအတွက် ပို၍သင့်လျော်ပါတယ်။ အရေပြားလောင်ခြင်း၊ နေလောင်ဒဏ်ခံရခြင်းတို့အတွက်လည်း အသုံးပြုနိုင်ပြီး ၄င်းဖြင့် ခန္ဓာကိုယ်ကို နှိပ်နှယ်ပေးပါက အကြောအခြင်များကို ပြေလျော့စေနိုင်ပါတယ်။ 

Jojoba (ဂျိုဂျိုဘာ) အဆီ

အသားအရေ အမျိုးအစားအားလုံးနဲ့ သင့်လျော်ပါတယ်။ အရေပြားကို အာဟာရဓါတ်များ ပေးနိုင်ကာ အဆီထုတ်လုပ်မှုပမာဏကိုလည်း မှန်ကန်စေနိုင်ပါတယ်။ အရေပြားကို နူးညံ့စေပြီး အစိုဓါတ်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။

သူငယ်ချင်းတွေကိုလည်း အဆိုပါ ဗဟုသုတများကို မျှဝေပေးလိုက်ပါဦးနော်။ လှပချောမွေ့သော အသားအရေလေးကို ပိုင်ဆိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - ဒေါက်တာ ကောင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။