သဘာဝမင်းသားကြီးအဖြစ် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေရရှိထားတဲ့ သရုပ်ဆောင် မင်းသား နေမျိုးအောင်ကတော့ မိဘမဲ့ ကလေးတွေကို လှူဒါန်းမှုများနဲ့ ကုသိုလ်ပြုလုပ်ခဲ့ပါတယ်..။

နေမျိုးအောင်တို့ ဇနီးမောင်နှံဟာ ရှမ်းပြည်နယ်မှာ ရှိတဲ့ မိဘမဲ့ကျောင်းတစ်ကျောင်းမှာ မိဘမဲ့ကလေးတွေအတွက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

နေမျိုးအောင်တို့ဇနီးမောင်နှံဟာ သရုပ်ဆောင် ယွန်းရွှေရည်နဲ့ အတူ လတ်တလောမှာ ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်း ကို ရောက်ရှိနေတာ ဖြစ်ပါတယ်..။

နေမျိုးအောင် တို့ ဇနီးမောင်နှံဟာ သားနှစ်ယောက် နဲ့အတူ ပျော်ရွှင်တဲ့မိသားစုဘဝလေးပိုင်ဆိုင်ထားပြီး ခရီးတွေလည်း မကြာခဏ အတူတူထွက်လေ့ရှိတာ တွေ့ရပါတယ်..။

နမ့်စန်းမှာ ရှိတဲ့ မိဘမဲ့ကျောင်းလေးမှာ လှူဒါန်းဖြစ်ခဲ့တဲ့အကြောင်းကို သူ့ရဲ့ fb စာမျက်နှာမှာ ဒီဇင်ဘာ(၆)ရက်နေ့က ရေးသားထားတာ တွေ့ရပါတယ်..။

“ရှမ်းပြည်တောင်ပိုင်း နမ့်စန်း မှာရှိတဲ့ သဘာဝတရားရိပ်သာ မိဘမဲ့ ကလေးများကိုလှူဖြစ်ခဲ့ပါတယ်..” လို့ ရေးသားထားပြီး ဓာတ်ပုံလေးတွေလည်း တင်ထားတာ တွေ့ရပါတယ်..။

ဓာတ်ပုံတွေထဲမှာ နေမျိုးအောင်တို့ ဇနီးမောင်နှံနဲ့ ယွန်းရွှေရည်တို့ဟာ ကလေးငယ်များအတွက် သူတို့ရဲ့ လှူဒါန်းမှုလေးတွေအတွက် ပျော်ရွှင်နေပုံရပါတယ်..။

ဇာတ်ရုပ်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်မှုတွေနဲ သူ့ရဲ့ မာန်ပါပါ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ အခိုင်အမာရရှိထားတာလည်း ဖြစ်ပါတယ်..။

ဇာတ်ကားများစွာ ရိုက်ကူးထားတဲ့ ဝါရင့်သရုပ်ဆောင် နေမျိုးအောင်ကတော့ လက်ရှိမှာလည်း ဇာတ်ကားတွေကိုလည်း ဆက်တိုက်ရိုက်ကူးနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်..။

ဘဝသရုပ်ဖော် ဇာတ်လမ်းတွေကို ကျွမ်းကျင်ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ နေမျိုးအောင်ဟာ အကယ်ဒမီ ဆုတွေနဲ့ လွဲချော်နေသေးပေမယ့်လည်း ပရိသတ်တွေရဲ့ ရင်ထဲက အကယ်ဒမီဆုတွေကိုတော့ ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်..။

Source - နေမျိုးအောင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။