နေ့စဉ်သတင်းများ

ရေနံများဖြင့်ပြည့်နေသည့် ချောက်မြို့မှလမ်း

Hein လွန်ခဲ့သော ၁၁ နေ့ က

မကွေးတိုင်းရှိ ချောက်မြို့ကတော့ ရေနံများစွာထွက်သည့်အတွက် နာမည်ကျော်ကြားလှပါတယ်။ ယခုအခါမှာတော့ ချောက်မြို့ရှိ လမ်းမတွေပေါ်မှာ ရေနံများဖြင့် ပြည့်နေပါတယ်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ ရေနံပိုက်လိုင်းမှာချို့ယွင်း၍ ရေနံများယိုကာ လမ်းမပေါ်သို့ ကျလာခြင်းဖြစ်ပါတယ်။ အဆိုပါရေနံပိုက်လိုင်းမှကျသည့်ရေနံစိမ်းများသည် ချောက်မြို့ မြင်းလှည်းကုန်းရပ်တွင် လျှံကျနေခြင်း ဖြစ်ပါတယ်။ 

အဆိုပါပိုက်လိုင်းသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ် ငန်းပိုင် ချောက်မြို့ ရေနံချက်စက် ရုံသို့ ပေးပို့သော ရေနံပိုက်လိုင်း ဖြစ်ပါတယ်။ ထိုရေနံပိုက်လိုင်၏ အဖွင့်အပိတ်ခလုတ်မလုံ၍ ဒီဇင်ဘာ ၅ ရက်နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း လမ်းပေါ်သို့ ရေနံများလျှံကျနေခဲ့တာပါ။ ထိုကဲ့သို့ လျှံကျနေစဉ် အဆိုပါ ရပ်ကွက်နေပြည်သူများက ပုံးများဖြင့် ခပ်ယူခဲ့ကြပါတယ်။ လာရောက်ခပ်ယူတွေက များပြားလှပါတယ်။ 

ထို့ကြောင့် မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများ အချိန်မီပြုပြင်ခဲ့ပါတယ်။ ထို့ကြောင့် နံနက် ၁၁ နာရီခန့်တွင် ရေနံယိုစိမ့်မှု ရပ်တန့်ခဲ့ကြောင်း ချောက်မြို့နယ် မီးသတ်ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားချက်အရ သိရှိရသည်။ အဆိုပါ ရေနံပိုက်လိုင်းပေါက်မှုအား ချောက်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ချောက်ရေနံချက်စက်ရုံမှ မီးငြှိမ်းသတ်ယာဉ် ၂ စီးဖြင့် ရေနံယိုစိမ့်မှုရပ်တန့်ရန် ပင်မရေနံစိမ်းသိုလှောင်ကန်အရင်းမှ ပန့်အားပိတ်ထားပြီး ချောက်ရေနံမှ ပြန်လည်ပြုပြင်ခဲ့ရပါတယ်။ လက်ရှိအချိန်တွင်မှု ပျက်စီးမှု ပမာဏမသိရှိရသေးပေ။

Source – 7 Days News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။