ဒီဇင်ဘာ ၅ ရက်၊ နံနက် ၅ နာရီခွဲ အချိန် ခန့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ၁၆ မိုင်ဂိတ်တွင် မူဆယ်သို့တင်ပို့မည့် လင်းမြွေအရှင် ၈၀၀ ကျော် ဖမ်းဆီးရမိတယ်လို့သတင်းရရှိပါတယ်။ အဆိုပါဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး အကောက် အခွန်ဌာန၊သစ်တောဦးစီးဌာနတို့က စစ်ဆေးမှုများဆောင်ရွက်နေစဉ် မူဆယ်သို့တင်ပို့ရန် သယ်ဆောင်လာတဲ့ ယာဉ်အားစစ်ဆေးခဲ့ရာ လင်းမြွေအရှင် ၈၂၀ နှင့် အသေ ၅ ကောင်ကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သတင်းထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ 

လက်ရှိမြန်မာနိုင်ငံမှာ ဇီဝမျိုးစုံမျိုးကွဲတွေကို ဥပဒေထုတ်ပြန်ပြီး ထိန်းသိမ်းနေတာဖြစ်ပြီး WCS နိုင်ငံတကာ အဖွဲ့ အစည်းတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်နေတာဖြစ်တယ်လို့ သစ်တောဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောပါတယ်။ 

စားသောက်ဆိုင်တွေမှာလည်း တောကောင်သား တွေ မရောင်းဖို့ ပညာပေးစည်းရုံးတာတွေ ပြုလုပ်နေပြီး အပြင်သားရဲတိရိစ္ဆာန်အသားတွေ မရောင်းပါ ဆိုတဲ့ ဆိုင်းဘုတ်ကို စားသောက် ဆိုင်တွေမှာ စာတမ်းတွေကပ်ထားတယ်လို့ ဆိုပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တောဆင်ရိုင်းများ ပစ်သတ်ခံနေရမှုကို လည်းကာကွယ်နိုင်ရန် စီမံ ချက် ရေးဆွဲနေပြီး အကောင်အထည်ဖေါ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

လက်ရှိမှာဖမ်းဆီးရမိခဲ့တဲ့ ယာဉ်မောင်း စိုင်းစံဝင်း၊ ယာဉ်နောက်လိုက် မောင်မျိုး၊ တို့နဲ့ အတူ ယာဉ်အမှတ် (MDY 3E/---)ယာဉ်တစ်စီး၊ခြင်း ၂၅ ခြင်း၊ အိတ် ၃ အိတ် တို့ဖမ်းဆီးရမိခဲ့ပြီး တောရိုင်း တိရိစ္ဆာန်၊ သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေး တည်ဆဲဥပဒေအရအရေးယူထားတယ်လို့သိရပါတယ်။

သတင်းအရင်းအမြစ် - ဦးရာဇာ (New Watch)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။