Miss Face of Beauty Myanmar 2015 မော်ဒယ်ခြူးစစ်ဟန်ကတော့ လှပတဲ့ခန္ဓာကိုယ် ကောက်ကြောင်း  နဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်သူပါ။ သူမကတော့ အနုပညာအလုပ်လုပ်တဲ့ သူဆိုတာ ဝေဖန်ခံရမှာ ပဲလို့လက်ခံထားသူပါ။ ဒါကြောင့် ဘယ်သူ့ကိုမှ မထိခိုက်ဘဲ မဝေဖန်ဘဲ သူမချစ်တဲ့ အနုပညာ အလုပ်များ လုပ်ဆောင်သွားမယ်လို့လဲ ဆိုပါတယ်။

ယခုလတ်တလောမှာတော့ ခန္ဓာကိုယ်အချိုးအစားပေါ်လွင်တဲ့ သူမရဲ့ပုံတွေက Facebook သုံးစွဲသူ လူငယ်တွေကြား ပျံနုံလို့နေပါတယ်။ Online Shopping တစ်ခုကတော့ သူမရဲ့စွဲမက်ဖွယ်ပုံတစ်ပုံနဲ့ အတူ မြန်မာဆန်ဆန်ဝတ်မယ့် သူတွေအတွက်မရှိမဖြစ်ဟုဆိုကာ “ တင်တု” ရောင်းချနေတာတွေ့ရပါတယ်။

ဒီအတွက် သူမက “ ရောင်းတော့လည်း ရောင်းကြပေါ့ အကိုတို့ အမတို့ရယ်. တူအောင်လဲရောင်းကြပေါ့ ဒီတင်တုကိုဝတ်မယ်ဆိုရင်ဖြင့် ပေါင်အောက်ထိ ဘောင်းဘီကရောက်နေမှာပေါ့ အခုဟာက ခေးပုံထဲက ဘောင်းဘီအရာက GS ဆိုတော့ တစ်ဝက် ပဲ ပါလို့ပါ ကိုယ့်စီးပွားကိုယ်လုပ်ကြပေါ့ ခေးပုံတော့ ယူမသုံးကြနဲ့ လေ ခေးမှာ အတု ဆို လို့ မိတ်ကပ်လိမ်းရင်တောင် မျက်တောင်တု မတက်ဘူး JL လို ပေါင်တင်ပြီး တရားဆွဲရမလား ?? ဒါပင်မဲ့ ဝမ်းသာပါတယ် ရောင်းကောင်းကြပါစေ လို့ ပြန်လည်ပြောပြထားပါတယ် ။

မြန်မာဝတ်စုံလေးနဲ့လည်း ချစ်စရာကောင်းနေပြန်တဲ့ သူမရဲ့ပုံလေးတွေကို Myanmar Load ပရိသတ်ကြီး အတွက် စုစည်းပေးထားပါတယ်။ အနုပညာအလုပ်များကို စတင်လုပ်ကိုင်နေတဲ့ သူမလေးကိုလည်း  အားပေးလိုက်ရအောင်နော် ပရိသတ်ကြီး ။

Source – Chuu Sitt Han FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။