အားကစားသတင်းများ

ဂိုးပြတ်သွင်းပြီး ၁၆ သင်းရှုံးထွက်အဆင့်ကို တတ်လှမ်းခဲ့တဲ့ လီဗာပူလ်း

EG Black လွန်ခဲ့သော ၁၁ နေ့ က

မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ လီဗာပူလ်းအသင်းဟာ စပါးတပ်မော်စကိုအသင်းကို ၇ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းဟာ အိမ်ကွင်းမှာဂိုးပြတ်သွင်းယူခဲ့ပြီး အုပ်စုပထမနဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ကို တတ်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းနဲ့ အတူ ဆီဗီလာ အသင်းပါ နောက်တဆင့်ကို တတ်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

လီဗာပူလ်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဖာမီနို၊ ဆာလက်၊ ကော်တင်ဟို၊ အမ်မရီကန်၊ ဝစ်ဂျနယ်ဒယ် ၊ မာနေး တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။စပါးတပ်မော်စကိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အန်ဒရာဒီ၊ ပရောမက်၊ အဲဒီယာနို၊ ဖာနန်ဒို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းဟာ ဂိုးသွင်းခွင့် ၁၇ ကြိမ်မှာ ၇ ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လီဗာပူလ်းအသင်းအတွက် ဂိုးတွေကိုတော့(၄ မိနစ်, ၁၅ မိနစ်,မိနစ် ၅၀ )တို့မှာ ကော်တင်ဟိုက သူရဲ့ ဟတ်ထရစ်ဂိုးတွေကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။မာနေးကတော့ (၄၇ မိနစ်, ၇၆ မိနစ်) တို့မှာ နှစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ကျန်တဲ့ နောက် ၂ ဂိုးကိုတော့ ဖာမီနိုက ၁၈ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပြီး ဆာလက်က ၈၆ မိနစ်မှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။