ဒီဇင်ဘာလ ၅ ရက်နေ့ ပြီးခဲ့တဲ့ အင်္ဂါနေ့မှ စတင်ပြီး ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်တွင် ၃ လအရွယ်ခန့် သာရှိတဲ့ ကျားပေါက်စလေး ၂ ကောင် ကို အများပြည်သူ ကြည့်ရှုနိုင်ရန် ပြသလျက် ရှိတယ်လို့သိရပါတယ်။ အဆိုပါ ချစ်စရာကောင်းတဲ့ ကျားပေါက်လေး နှစ်ကောင်ဟာ လက်ရှိ ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်တွင် ထိန်းသိမ်း စောင့်လျှောက်ထားတဲ့ ကျားထီး မိုက်ခ် နှင့် ကျားမ ဒေစီ တို့မှ ပေါက်ဖွားခဲ့တဲ့ မွေးကင်းစ ကျားပေါက်လေး (၂)ကောင်ပဲဖြစ်ပါတယ်။

၎င်း ကျားပေါက်စလေး နှစ်ကောင်ကို စက်တင်ဘာလ ၅ ရက်နေ့တွင် မွေးဖွားခဲ့တာ ဖြစ်တယ်လို့ ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။လက်ရှိမှာတော့ မိခင်ကျားမကြီးဒေစီနှင့် မွေးဖွားခါစကျားငယ်လေးနှစ်ကောင်ကို သီးသန့်ထားရှိပြီး စနစ်တကျ ပြုစုစောင့်ရှောက် ထားတယ်လို့ သိရပါတယ်။ 

ယခုအခါ ကျားငယ်လေးနှစ်ကောင်ဟာ အရွယ်အားဖြင့် ၃ လခန့်ရှိလာတာကြောင့် အများပြည်သူ ကြည့်ရှုနိုင်ရန် ပြသလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။အဆိုပါ ကျားပေါက်စလေးနှစ်ကောင်ဟာ ဘင်္ဂလားကျားအမျိုးအစားဖြစ်ပြီး အထီးတကောင်နှင့် အမတကောင်ဖြစ်မွေဖွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ကျားပေါက်လေးနှစ်ကောင်ကိုနာမည်ပေးထားခြင်း မရှိသေးဘူးလို့လဲ သိရပါတယ်။ ပြည်သူတွေရဲ့ စိတ်ဝင်စားမှုအများဆုံးရရှိနေတဲ့ ကျားပေါက်စလေးနှစ်ကောင်ရဲ့ ချစ်စရာပုံရိပ်လေးတွေ ကိုလဲ စာဖတ်ပရိသတ်တွေ အတွက်မျှဝေပေးလိုက်ပါတယ်.။ 

သတင်းအရင်းအမြစ် - ဧရာဝတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။