အိန္ဒိယနိုင်ငံသား လယ်သမားတစ်ဦးဖြစ်တဲ့ Suresh ဆိုသူဟာ မော်တော်ဆို်င်ကယ် မောင်းနှင်လာစဉ် တိမ်းမှောက်မှု ဖြစ်သွားခဲ့တာပါ။ အဆိုပါ တိမ်းမှောက်မှုကြောင့် သူ့ရဲ့ ပါးစပ်ကနေ လည်ပင်းအထိ သံချောင်းကြီး ထုတ်ချင်းပေါက် ဝင်ရောက်သွားခဲ့ပါတယ်။ဖြစ်စဉ်ကတော့ Sureshဟာ ရှေ့တည့်တည့်ကဖြတ်ဝင်လာတဲ့ သုံးဘီးဆိိုင်ကယ်ကို ရှောင်တိမ်းလိုက်ရင်း သံချောင်းတွေပုံထားတဲ့နေရာကို ၀င်တိုက်မိသွားတာပါ။ ကံမကောင်းစွာနဲ့ သံချောင်းတစ်ချောင်းဟာ ပါးစပ်မှ လည်ပင်းအထိ ထုတ်ချင်းပေါက် ၀င်ရောက်သွားပြီး ထိုနေရာမှာတင် သတိလစ်မေ့မျောသွားပါတယ်။

အသက်(၃၅)နှစ်အရွယ် Suresh နဲ့ တိုက်မိမလိုဖြစ်တဲ့ သုံးဘီးဆိုင်ကယ်သမားကတော့ သူနဲ့ လုံးဝမဆိုင်သလို သဘောထားပြီး၊ အဝေးကို မောင်းပြေးသွားခဲ့ပါတယ်။ ဒါပေမယ့် ဖြတ်သွားဖြတ်လာ ဒေသခံတွေက Suresh ကိုတွေ့ရှိခဲ့ပြီး ဆေးရုံဆီအမြန်ပို့ပေးခဲ့ကြောင်း သိရပါတယ်။အခုတော့ Suresh ဟာ Andhra Pradesh ပြည်နယ်က East Godavari မြို့ဆေးရုံမှာ အခြေအနေကောင်းနေပြီး၊ သူရဲ့ ပါးစပ်ထဲကို စိုက်ဝင်ခဲ့တဲ့ သံချောင်းကြီးကိုလည်း အောင်မြင်စွာခွဲစိတ်ဖယ်ရှားပေးနိုင်ခဲ့ကြောင်း သိရပါတယ်။  

ဒီအဖြစ်အပျက်ဟာ National Highway 216 မှာ နိုဝင်ဘာ (၁၈)ရက်က ဖြစ်ခဲ့တာပါ။

ကာယံရှင် Suresh ကတော့ သူ့ကို (၃၃) ကီလိုမီတာအဝေးက ဆေးရုံအထိ လိုက်လံပို့ဆောင်ပေးခဲ့ကြတဲ့ သူ့ရဲ့အသက်သခင် ကျေးဇူးရှင်တွေကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Source : ပြည်မြန်မာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။