နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ မိုးဟေကိုတစ်ယောက် Myanmar Modern Dresses ပွဲမှာ အလန်းကြီးလန်းနေပါတော့တယ်။ အနက်ရောင်ဝမ်းဆက်နဲ့လိုက်ဖက်လွန်းတဲ့ သူမရဲ့ ပုံရိပ်တွေက ကြွေချင်စရာပါပဲ။ နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်ပြီး မြန်မာပြည်ရဲ့ ထိပ်တန်း စာရင်းဝင်တစ်ဦး လည်းဖြစ်ကာ ပရိတ်သတ်အခိုင်အမာရထားတဲ့ Celebrity တစ်ယောက်ပါ ပဲ။ သူမဟာ ကိုယ်ပိုင်ပိုးထည်ဆိုင်လေးတစ်ဆိုင်ကိုဖွင့်ထားပြီး သိပ်မကြာခင်ကလည်း ဗိုလ် ချုပ်ဈေးမှာ ကော်ဖီဆိုင်လေး တစ်ဆိုင်ကိုထပ်မံဖွင့်လှစ်ထားပါတယ်။ သူမဟာ ကိုယ်ပိုင် ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း တည်ထောင် ထားပါသေးတယ်။

ပြီးခဲ့တဲ့လပိုင်းလောက်က သူမရဲ့ရုပ်ရှင်ထုတ်လုပ်ရေးကရိုက်ကူးတဲ့ သရဲဇာတ်လမ်းတစ်ကား ကို မင်းသမီးတစ်လက်နဲ့တွဲဖက်ရိုက်ကူးခဲ့ပြီး ရိုက်ကူးရေးမှာ ကတောက်ကဆ အနည်းငယ် ရှိခဲ့ပါတယ်။ ဒီပြဿနာကို ရုပ်ရှင်အရှည်အရုံးက ကူညီဖြေရှင်းပေးလိုက်တာကြောင့် ပြေလည်သွားပြီး အခုဆို ဆက်လက်ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။ သူမရဲ့ Myanmar Modern Dresses ပွဲကို တက်ရောက်လာ တဲ့ သူမရဲ့အနက်ရောင်ဝမ်းဆက်ဖက်ရှင်က တကယ်ကို ဆွဲဆောင်မှုပြင်းလွန်းနေပါတယ်။ လှပလွန်းတဲ့ ခန္ဓာကိုယ်ကြောင့် ဘာဝတ်ဝတ်လှပ တင့်တယ်လွန်းတဲ့ သူမပါပဲ။

အောင်မြင်တဲ့မင်းသမီးတစ်ယောက်ဖြစ်တာနဲ့အညီ သူမကိုအားပေးတဲ့ ပရိတ်သတ်တွေက လည်း အများအပြားရှိနေပါတယ်။ သူမရဲ့ လှပလွန်းတဲ့ အနက်ရောင်ဖက်ရှင်ကို ပရိတ် သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဆွဲဆောင်မှုပြင်းလွန်းပြီး ညို့အားအပြည့်နဲ့ သူမရဲ့အလှတွေကို ကြည့်ရှုခံစားလိုက်ပါဦးနော်။

Source – Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။