MSI ကတော့ Laptop ဘက်မှာ နာမည်ကောင်းတစ်ခုရရှိထားတဲ့ Band တစ်ခုဖြစ်ပါတယ်။ Gaming Laptop ဘက်မှာလည်း သိပ်မဆိုးတဲ့ တံဆိပ်တစ်ခုပါ။ ယခုအခါမှာတော့ MSI ၏ Laptop တစ်ခုကို သုံးသပ်တင်ပြပေးသွားမှာပါ။ ယခု Laptop ကတော့ Gaming ဘက်မှာ နောက်ဆုံးထွက်ထားတဲ့ AAA Game အများစုကို Medium လောက်နှင့်ကစားနိုင်မှာပါ။ 

ဒါ့အပြင် Photoshop သမားများနှင့်ရုံးသုံးများအတွက်လည်း ကောင်းမွန်ပါတယ်။ Laptop ကတော့ GL62M 7RDX ဖြစ်ပါတယ်။ CPU ကတော့ 7 Generation Intel Kabylake Core i5 (7300HQ) 2.50Hz ဖြစ်ပါတယ်။ GPU ကတော့ Nvidia Geforce GTX 1050 2GB GDDR5 ကိုအသုံးပြုထားပါတယ်။ ဒါ့ကြောင့်မိုပ လက်ရှိ နောက်ဆုံးထွက်ထားတဲ့ AAA Game အများစုကို Medium လောက်နှင့်ကစားနိုင်မှာပါ။

RAM အဖြစ် DDR4 8GB 2400 MHz ကိုအသုံးပြုထားသောကြောင့် RAM မလုံလောက်မှာ မစိုးရိမ်ရပါဘူး။ ဆန္ဒရှိပါက 32GB ထိRAMထပ်တိုးနိုင်ပါတယ်။ Screen Size ကတော့ ၁၅.၆ လက်မရှိကာ Resolutionကတော့ 1920×1080 ရှိပါတယ်။ HDDအဖြစ် 1TB ပါ၀င်တာကြောင့် Dataများစွာ သိုလှောင်ထားနိုင်မှာပါ။ အဆိုပါ MSI၏ GL62M 7RDX ၏တန်ဖိုးကတော့ USD 799 ဖြစ်တာကြောင့် မြန်မာငွေ ၉သိန်းခွဲဝန်းကျင်ဖြင့် ၀ယ်ယူအသုံးပြုနိုင်ပါတယ်။

Hein (Mg Lu Aye)

Source – MSI Website 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။