ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ဘေဘီမောင်ကတော့ လက်ရှိအနုပညာလောကမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သူမသိသလောက် ဖွင့်ဟလိုက် တာပဲဖြစ်ပါတယ်။

လက်ရှိမှာ အနုပညာ သည်အချင်းချင်း တိုက်ခိုက်မှုတွေ ခွဲခြားဆက်ဆံမှုတွေ ရှိနေပေမယ့်လဲ စီနီယာတွေထက် နောက်တက်လာတဲ့ ဂျူနီယာကလေးတွေက ပိုဘဝမြင့်နေတာကို မြင်ရတယ် လို့ဆိုပါတယ်။ 

MRTV – 4 ဇာတ်လမ်းတွဲတွေ တခြားသော ဇာတ်လမ်းတွဲတွေမှာ ရိုက်ကူးနေပြီး အောင်မြင်မှုတွေ လဲရရှိနေကြတဲ့ ဂျူနီယာကလေးတွေ ကအခုမှ အနုပညာလောကထဲ ရောက်လာပေမယ့် ပြောင်းလဲမှုတွေ ဘဝမြင့်နေတာလေးတွေ တွေ့နေရတော့ သူမအနေနဲ့ ရယ်ချင်မိတယ် လို့ဆိုပါတယ်။ 

အနုပညာသမားဆိုတာ ကတော့အမှန်ဆိုရင် ဘဝမြင့်စရာ ဘာအကြောင်းမရှိပါဘူး။ ပရိသတ်တွေ အပေါ်စိတ်ကောင်း နှလုံးကောင်းထားကာ မေတ္တာပေးပြီး မေတ္တာပြန်ယူရမယ့် သူတွေသာ ဖြစ်တယ် လို့ဆိုပါတယ်။ 

အတွေးအခေါ်လေးတွေ မှားနေတာမြင်ရတော့ တစ်ချို့နောက်တက်ကလေးတွေက စာပေ ဗဟုသုတလဲနည်းပါး ကြ တယ်ထင်ပါ တယ်ဆိုပါတယ်။ 

အနုပညာသည် အချင်းချင်းကလဲ အကုန်လုံးညီကို မောင်နှမတွေဖြစ်တာကြောင့် တစ်ယောက်အပေါ် တစ်ယောက် ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ ချစ်ချင်ခင်ခင်နဲ့ အလုပ်လုပ်သင့်တယ် ထင်ပါတယ်လို့ဆိုပါတယ်။ 

လက်တစ်လော အနုပညာလုပ်ရှားမှု အနေနဲ့ဗီဒီယိုဇာတ်ကား လေးတွေအများကြီး ရိုက်ကူးဖြစ်နေပါတယ် လို့ဆိုပါတယ်။

ရုပ်ရှင်ကားကြီးတွေလဲ ရိုက်ကူးနေပြီး လက်ရှိမှာတော့ ရိုက်ကူးထားပြီး ပရိသတ်တွေလက်ထဲ မရောက်ရှိသေးတဲ့ ရုပ်ရှင်ကားကြီး(၁၂) ကားလောက်ရှိ တယ်လို့ပြောပါတယ်။ ဘေဘီရဲ့ပရိသတ်တွေ စိတ်ရှည်ရှည်နဲ့ စောင့်ပေးကြတဲ့အတွက်လဲ အရမ်းကိုကျေးဇူးတင်ပါတယ် လို့ဆိုပါတယ်။ 

ဘေဘီအနေနဲ့ အများကြီးကြိုးစားထားပြီး မကြာခင်မှာ ထွက်ရှိတော့မယ့် ဘေဘီရဲ့ အနုပညာတင်ဆက်မှုတွေကို လဲအားပေးပါအုန်း လို့ဆိုပါတယ်။

သတင်းအရင်းအမြစ် - ဘေဘီမောင်(ReF - Sunday)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။