စည်းကမ်းပိုင်းထပ်မံဖောက်ဖျက်ပြန်တဲ့သီဟထက်အောင်

သီဟထက်အောင်ကိုရန်ကုန်နည်းပြဦးမျိုးမင်းထွန်းက

စည်းကမ်းပိုင်းဆိုင်ရာပြစ်ချက်တွေကြောင့်နောက်ဆုံး

အကြိမ်သတိပေးထားခဲ့ပါတယ်။ဒါပေမယ့်သီဟထက်အောင်ဟာအဆိုပါသတိပေးချက်ကို

လိုက်နာခဲ့ခြင်းမရှိဘူးလို့ဦးမျိုးမင်းထွန်းကပြောပါတယ်။

သီဟထက်အောင်ဟာဒီရက်ပိုင်းထိုင်းကလပ်အသင်း

တစ်သင်းကိုပြောင်းရွှေ ့တော့မယ်လို့သတင်းတွေလည်း

ထွက်နေပါတယ်။သီဟထက်အောင်ရန်ကုန်အသင်း

ရဲ့စည်းကမ်းကိုဘယ်လိုဖောက်ဖျက်ခဲ့လဲဆိုတာကိုဦးမျိုးမင်း

ထွန်းကခုလိုပြောပြပါတယ်။

Source-Getty Image

ဦးမျိုးမင်းထွန်းက " ကျွန်တော်တို့ အနေနဲ့ သီဟထက်အောင် ကို နောက်ဆုံးအကြိမ် အခွင့်အရေး ပေးမယ်လို့ ပြောထားပြီးသား ပါ။ ဒါ့ကြောင့် မွန်ဂိုလိီးယားနဲ့ ပွဲအပြီးမှာ ဘောလုံးအဖွဲ့ချုပ်က ကလပ်အသင်းထံ ပြန်လည် စေလွတ်ကြောင်း အကြောင်းကြား ခဲ့ပါတယ်။ ပြန်ပို့တဲ့နေ့မှာ ခွင့်တောင်းခဲ့လို့ နောက်နေ့ညနေမှ လေ့ကျင့်မှု ပြုလုပ်ဖို့ သီဟထက်အောင်ကို ပြောထားခဲ့ပေမယ့် နောက်နေ့မှာလည်း ရောက်မလာပါဘူး။ သူနဲ့အတူတူ ပြန်လည် စေလွတ်ခံရတဲ့ မင်းကျော်ခန့်ကတော့ ကျွန်တော်တို့ သတ်မှတ်တဲ့ ရက်မှာ လာရောက်လေ့ကျင့်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော့်ဆီ မက်ဆေ့ချ် ပို့ပြီး အရမ်းစိတ်ညစ်နေလို့ ခဏအနားယူပြီး စိတ်သစ် လူသစ်နဲ့ ဒီဇင်ဘာ(၄)ရက်မှာ ပြန်လာမယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီဇင်ဘာ(၅)ရက်အထိ ရောက်လာခြင်း မရှိပါဘူး။ ကျွန်တော်တို့ ဆီကို လာရောက်အပ်နှံခဲ့တဲ့ MFF က တာဝန်ရှိသူထံ ကိုလည်း ဆက်သွယ် အကြောင်းကြားပြီးပါပြီ။ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အသင်းက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်း ဆုံးဖြတ်သွားမှာပါ။ ကျွန်တော်တို့အသင်းက အရည်အချင်းရှိတဲ့ ကစားသမားကို ပစ်ပယ်ခဲ့တာမျိုး မရှိပါဘူး။ သူ့ရဲ့ စီနီယာ ကစားသမားတွေတုန်းကလည်း ပြုပြင်ပေးခဲ့လို့ လက်ရွေးစင် အသင်း မှာ နေရာပြန်ရနေပါပြီ " ဟု ပြောကြားခဲ့ပါတယ်။

Source-Getty Image

သီဟထက်အောင်အနေနဲ့အရင်ကလည်းရန်ကုန်အသင်း

မှာစည်းကမ်းဖောက်ဖျက်ခဲ့မှုတွေကြောင့်ချင်းယူနိုက်တက်ကို

အဌားချခံခဲ့ရပါတယ်။မြန်မာယူ-23လက်ရွေးစင်အသင်းကလည်း

မွန်ဂိုလီးယားနဲ့ပွဲမှာဥပဒေပကစားခဲ့တာကြောင့်ထုတ်ပယ်ခံခဲ့ရသလိုMFFကဒဏ်ငွေတစ်သိန်းဒဏ်ရိုက်ခဲ့ပါတယ်။ရန်ကုန်

အသင်းကတာဝန်ရှိသူတွေကတော့သီဟထက်အောင်ကို

ကမ်းလှမ်းမှုတွေမရှိသေးပါဘူးလို့ဆိုပါတယ်။သီဟထက်အောင်

အနေနဲ့ရန်ကုန်မှာဆက်ကစားမယ်ဆိုရင်တော့သူ့ရဲ့

အမူအကျင့်တွေကိုပြုပြင်ဖို့လိုမှာပါ။

Photo-YGN UTD

Source-Eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။