ပရိသတ်အချစ်တော် မင်းသားတွေထဲက တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် မင်းသားကျော်ကျော်ဗိုလ် ကတော့ ကိစ္စတစ်ခုကြောင့် စိတ်မကောင်း ဖြစ်လို့ နေပါတယ်..။

အဖိုးဖြစ်သူ အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်ရဲ့ နာမည်ကျော် တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “အောင်ပါစေ” သီချင်းကို သရုပ်ဖျက်ခံရတဲ့ စိတ်မကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်..။

အနုပညာပါရမီရှင် ရွှေမန်းတင်မောင်ရဲ့ မြေးတစ်ယောက်ဖြစ်တဲ့ ကျော်ကျော်ဗိုလ်ဟာ အဖိုးရဲ့ “အောင်ပါစေ” သီချင်းကို သရုပ်ဖျက်ထားတဲ့ ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက် စာမျက်နှာမှာ တွေ့လိုက်ရတာ ဖြစ်ပါတယ်..။

ကျော်ကျော်ဗိုလ်ကတော့ အဖိုးဖြစ်သူရဲ့နာမည်ကျော် တေးသီချင်းကောင်းတစ်ပုဒ်ကို သရုပ်ဖျက်ခံရမှုနဲ့ ပတ်သက်ပြီး အတော်ကို စိတ်မကောင်း ဖြစ်နေပုံရပါတယ်..။

ကျော်ကျော်ဗိုလ်က အဲ့ဒီကိစ္စနဲပ ပတ်သက်ပြီး စိတ်ထိခိုက်မိပြီး စိတ်မကောင်းဖြစ်တဲ့ အကြောင်းကို သူ့ရဲ့ fb စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်..။

“ကိုယ်တိုင်မဖန်တီးနိင်လို့သေရင်သေသွားပါစေ..

သူတစ်ပါးဖန်တီးထားတာကိုတော့ဘယ်တော့မှမဖျက်ဆီးဘူး

အဲ့ဒါ ... ကျွန်တော်ဘဝရဲ့ " အနုပညာသစ္စာ "

အခုတော့ ... စိတ်မကောင်းဖြစ်ရုံမှတပါး..” လို့ သူရဲ့ fb စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်..။

အဲ့ဒီ ဗီဒီယိုဖိုင်ကိုလည်း ပြန်လည်မျှဝေထားတာ တွေ့ရပြီး ဗီဒီယို ဖိုင်ထဲမှာတော့ ခေတ်ပေါ်သံစဉ်တွေနဲ့ သရုပ်ပျက်တဲ့ အကတွေလည်း ပါနေတာ တွေ့ရပါတယ်..။

အခုလို သရုပ်ဖျက်ခံရတဲ့အတွက် ကျော်ကျော်ဗိုလ်တစ်ယောက် စိတ်မကောင်း ဖြစ်ရသလို ပရိသတ်အများစုကလည်း စိတ်မကောင်း ဖြစ်နေကြပါတယ်..။

အဆိုပါ ဗီဒီယိုဖိုင်ကတော့ “အောင်ပါစေ” သီချင်းနဲ့ က ထားတာ မဟုတ်ဘဲ သားစိုးရဲ့ “ဆိုင်းကြိုက်တဲ့မောင်” သီချင်းနဲ့ ကထားတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ပြီး Edit လုပ်ထားတာဖြစ်တယ်လို့ ဗီဒီယိုဖိုင်ပါ အမျိုးသမီးက ပြန်လည် ဖြေရှင်းထားတာ တွေ့ရပါတယ်..။

အခုခေတ်နောက်ပိုင်းမှာ မြန်မာသံစဉ်တေးသီချင်းကောင်းတွေကို ခေတ်ပေါ်သံစဉ်တွေနဲ့ ရောနှောပြီး သရုပ်ဖျက်မှုတွေ ခေတ်စားလာတာ တွေ့ရပါတယ်..။

Source - ကျော်ကျော်ဗို fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။