တစ်ချိန်က မိုဘိုင်းလောကရဲ့ ဘုရင်လို့တင်စားခံရတဲ့ Nokiaဟာ ယခုအခါမှာတော့ တန်ဖိုးနည်း Nokia 5 စမတ်ဖုန်းကို ထုတ်လုပ်ပေးထားပါတယ်။ Nokia 5 မှာ မျက်နှာပြင် ၅.၂ လက်မရှိပြီး LCD Capactive Touch Screen အမျိုးအစား ဖြစ်ပါတယ်။ အလှူမီနီယံ ကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး Corning Gorilla Glass ဖြင့် ဖုံးအုပ်ထားသောကြောင့် မာကျောမှုရှိပါတယ်။

CPUပိုင်းအနေဖြင့် Octa Core 1.4 GHz ပါ၀င်ပြီး ဖုန်းတွင်းမှတ်ဉာဏ်အနေနဲ့ RAM 2 GB နဲ့ ROM 16GB ရှိပါတယ်။ ကင်မရာပိုင်းတွင် အဓိက ကင်မရာမှာ 13Mp ပါ၀င်သောကြောင့် ဓာတ်ပုံရိုက်ရာတွင် ကြည်လင်ပြတ်သားနေစေမှာဖြစ်ပြီး အရှေ့ဘက်မှှာတော့ 8Mp ရှိတာကြောင့် Selfie ၀ါသနာရှင်များ အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။

Version အနေဖြင့် Android 7.1.1 (Nougart)ကို အသုံးပြုထားပြီး Oreo Version အထိလည်း အဆင့်မြှင့် အသုံးပြုနိုင်ပါတယ်။ ဘက်ထရီပိုင်းမှာတော့ Li-ion 3000mAh ကိုအသုံးပြုထားတာကြောင့် ကြာရှည်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Nokia 5 မှာ လက်ရှိ မြန်မာနိုင်ငံ စျေးကွက်ထဲသို့ ၀င်ရောက်ထားပြီး တန်ဖိုးအားဖြင့် ကျပ် ၂၅၉၀၀၀ ၀န်းကျင်ခဲ့ရှိပါတယ်။

Source : Mobile Guide

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။