တောက်ပတဲ့မျက်ဝန်းတစုံအတွက် Eye Shadow ကလည်းမရှိမဖြစ်ပါ။ Eye Shadow ကာလာအဖျော့များကိုတော့ Eye Shadow အနေနဲ့ သုံးလို့ရသလို မျက်ခုံးမွှေးပုံ ဖော်လှပ စေဖို့လဲ သုံးလေ့ရှိကြပါတယ်။ အညှိရင့်ရောင်၊ မီခိုးရင့်ရောင်၊ နက်ပြာရင့်ရောင်နဲ့ အနက်ရောင် တို့ကတော့ စွဲမက်ဖွယ်ကောင်းတဲ့မျက်ဝန်းတစ်စုံကို ပံ့ပိုးပေးပါတယ်။

ငွေမှင်ရောင်နဲ့ ရွှေအိုရောင်တို့ကတော့ လင်းလတ်တဲ့မျက်ဝန်းတစုံအဖြစ် ပြောင်းလဲစေ ပါတယ်။ ဒီအရောင်တွေက ဘယ်အဝတ်အစားနဲ့မဆို လိုက်ဖက်ညီတာကြောင့် အဝတ်အစား အရောင် ရွေးချယ်ရတဲ့အချိန်ကိုလည်း သက်သာစေမှာပါ။

ဒါမှမဟုတ်ဘဲ ပန်းရောင်၊ ခရမ်းရောင်၊အစိမ်းရောင်နဲ့ တခြားကာလာတွေကို ရွေးချယ်မယ် ဆိုရင်တော့ အဝတ်အစားကလည်း နီးစပ်တဲ့ကာလာဖြစ်ဖို့တော့ လိုပါတယ်။ ဒါတွေက အများဆုံး သုံးလေ့ရှိပြီးတဲ့ကာလာ အရောင်တွေပါ။ ဒါဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်း လေးတွေကိုသုံးပြီး ပြင်ဆင်ကြည့်ရအောင်နော် ။

ကာလာအတွဲအစပ်တွေက မျက်ဝန်းပိုပိုပြီးတောက်ပစေပါတယ်။ ဒါပေမယ့် ဒီလိုအရောင်စပ်ဖို့ မအားလပ်ဘူးဆိုရင်တော့ အောက်မှာဖော်ပြပေးထားတဲ့ နည်းလမ်းတွေကို သုံးကြည့်လိုက် ပါနော် ။

Photo - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။