မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ရှက်တာဒိုးနက်အသင်း ဟာ မန်စီးတီးအသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စု ၆ ပွဲကစားပြီး ၁ ပွဲသာရှုံးပွဲရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့် မန်စီးတီးအသင်းဟာ အုပ်စုပထမနဲ့ ရှုံးထွက်အဆင့်ကိုတတ်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ရှက်တာဒိုးနက်အသင်းကလည်း မန်စီးတီးအသင်းကို အနိုင်ရယူခဲ့ပြီး မန်စီးတီးအသင်းနဲ့ အတူ နောက်တဆင့်ကို တတ်လှမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရှက်တာဒိုးနက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဖာရဲရား၊ ဘာနတ်၊ တိုင်ဆန်၊ မာလော့၊ စတီပန်နန်ကို၊ ဖရတ် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂျီဆပ်၊ ဆာနေး၊ ဘာနန်ဒိုဆေးဗာလ်း၊ ဖိုဒန်၊ ဂန်ဒိုဂမ်၊ ယာယာတိုရေး တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာရရှိခဲ့ပေမဲ့ ရှက်တာဒိုးနက်အသင်းဟာ ထိရောက်တဲ့တိုက်စစ်ဆင်မှုတွေနဲ့အတူ အနိုင်ရလဒ်ရှာဖွေခဲ့တာလည်းဖြစ်ပါတယ်။

ရှက်တာဒိုးနက်အသင်းရဲ့ အဖွင့်ဂိုးကိုတော့ ၂၆ မိနစ်မှာ စတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ ဘာနတ်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၃၂ မိနစ်မှာတော့ အစ်စမိုင်လီ က ရှက်တာဒိုးနက်အသင်းအတွက် ဒုတိယဂိုးကို ထပ်မံသွင်းယူပေးနိုင်ခဲ့ပါတယ်။မန်စီးတီးအသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ ပွဲပြီးခါနီးမှာ အဂူရို က ပယ်နယ်တီကနေတဆင့် ကန်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။