အားကစားသတင်းများ

ချန်ပီယံလိဂ်ကနေ လက်ပြခဲ့ရတဲ့ နာပိုလီ

EG Black လွန်ခဲ့သော ၁၁ နေ့ က

မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ဖီယင်နုအသင်းဟာ နာပိုလီအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဖီယင်နုအသင်းအတွက် အုပ်စုပွဲစဉ် ၆ ပွဲပြီးဆုံးတဲ့ အချိန်မှာ ပထမဆုံးနိုင်ပွဲရရှိခဲ့တာလည်းဖြစ်ပါတယ်။နာပိုလီအသင်းကတော့ ရမှတ် ၆ မှတ်သာရရှိခဲ့ပြီး ချန်ပီယံလိဂ်ကနေလက်ပြနူတ်ဆက်ခဲ့ရပြီလည်းဖြစ်ပါတယ်။နာပိုလီအသင်းဟာ ယူရိုပါလိဂ်မှာ သွားရောက် ယှဉ်ပြိုင်ကစားရတော့မှာလည်းဖြစ်ပါတယ်။

ဖီယင်နုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဘိုတီယက်၊ ဘာဂူရစ် ၊ ဂျော်ဂျန်ဆန်၊ တွန်နာစထရာ၊ အမ်မရာဘတ် ၊ ဗယ်ဟီနာ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နာပိုလီအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ကယ်လီဂျွန်၊ မာတင်၊ ဇီယင်လင်စကီး၊ အလန်၊ ဒိုင်ဝါရာ၊ ဟမ်ဆစ် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နာပိုလီအသင်းဟာ ရာသီအစခြေစွမ်းတွေကောင်းမွန်နေပေမဲ့ လက်ရှိမှာ နှစ်ပွဲဆက် ရှုံးခဲ့တာလည်းဖြစ်ပါတယ်။ 

အဖွင့်ဂိုးကိုတော့ နာပိုလီအသင်းကစတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ ပွဲစလို့ ၂ မိနစ်မှာပဲ ဇီယင်လင်စကီး ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၃၃ မိနစ်မှာတော့ ဂျော်ဂျန်ဆန် က ဖီယင်နုအသင်းအတွက် ချေပဂိုး တစ်ဂိုးသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဖီယင်နုအသင်းရဲ့ ကစားသမား ဗယ်ဟီနာ ၈၃ မိနစ်မှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပေမဲ့ မိနစ် ၉၀ မှာ တစ်ယောက်လျော့နဲ့ဖိယင်နုအသင်းက အနိုင်ဂိုးရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒီဂိုးကိုတော့ ဂျက်တီ ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။