အခုခေတ်ကတော့ အားလုံးသိတဲ့အတိုင်း အကိတ် ခေတ် လို့ ယောကျာ်းမိန်းမတိုင်း ပါးစပ်ကအမြဲထွက်လေ့ရှိတဲ့စကားပါ။ ကြားနေကျမို့ မထူးဆန်းတော့ပေမယ့် ယောကျာ်းလေးတော်တော်များများကတော့ ကိတ်တဲ့ မိန်းကလေးကိုမှ ချစ်သူတော်ချင်ကြတယ်လို့ ဆိုပါတယ်။ 

ပွင့်လင်းမြင်သာလာတဲ့ခေတ်မှာ ချစ်သူစုံတွဲတိုင်းလိုလိုက Living Together နေထိုင်မှုက အနောက်နိုင်ငံတွေဆီကနေ ကူးစက်လာပါတယ်။ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတွေ ဆိုတာ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု မရှိသူတွေနဲ့သာ ဖွဲ့စည်းထားလေ့ရှိတယ်လို့ စိတ်ပညာအရရော စစ်တမ်းကောက်မှုတွေ အရရော ဘက်စုံရှုထောင့်ကနေ အဖြေထွက်လာတာပါ။

ထူးဆန်းသွားသလား။

တကယ်တော့ နောက်ကွယ်မှာ လိင်ထက် ပိုစိတ်ဝင်စားစရာ ကောင်းတဲ့ ဆက်သွယ်ချက်တွေ ရှိနေပါတယ်။

မိမိ လက်တွဲဖော်ဟာ လိင်ဆက်ဆံဖို့ကို စောင့်ထိန်းမယ်။ ချစ်သူနဲ့ အတွေးတွေ ဖလှယ်ရင်း သံယောဇဉ် တစ်ခုကို ကြိုးစားတည်ဆောက်နေခဲ့မယ်။ ဒီတန်ဖိုးရှိတဲ့ အချိန်တွေ အတွက် ချစ်တင်းနှောခွင့်တွေကို စတေးပစ်ရဲတယ် ဆိုရင် ဒါဟာ လိင်ဆက်ဆံရေးဟာ ထူးကဲတဲ့ ရံဖန်ရံခါ ဆက်သွယ်မှုတစ်ခု အိမ်ထောင်ရေးမှာ ဖြစ်လာစေတယ်။ ပျော်ရွှင်စရာ အိမ်ထောင်ရေး သို့မဟုတ် မပြုတ်နိုင်တဲ့ သံယောဇဉ် လက်တွေ ဖြစ်လာတယ်။

အဲ့သလို မဟုတ်ပဲ အမြဲတစေ လိင်ကိစ္စကြောင့် ကျန်တာ အားလုံး စတေးပစ်ခဲ့မယ် ဆိုရင် ဒီ အိမ်ထောင်ရေးဟာ ကြာလာတာနဲ့ အမျှ ပျင်းဖို့ကောင်းလာသလို နောက်ထပ် အသစ်ရှာဖို့ပါ ဝန်မလေးတဲ့ ခပ်ပေါ့ပေါ့ ဆက်ဆံရေး ဖြစ်လာစေတယ်။

ကိုယ့်ချစ်သူနဲ့ တူတူရှိနေတဲ့ အချိန်တွေမှာ လုပ်တဲ့အလုပ်တွေက ဘာတွေလဲဆိုတာ ဆန်းစစ်ကြည့်ကြဖို့ပါ။

Source : KyawNge

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။