အက်ရှင်မင်းသားကြီး ရဲမင်းပိုင်ကတော့ သူ့ရဲ့ ပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခုကို ပါးလိုက်ပါတယ်..။

တစ်ခေတ် တစ်ခါက အက်ရှင်ဇာတ်ကားတော်တော်များများမှာ ပါဝင်နေရာယူထားတဲ့ အက်ရှင်မင်းသားကြီး ရဲမင်းပိုင်ကိုတော့ ပရိသတ်ကြီး မှတ်မိဦးမလား…??

ရဲမင်းပိုင်ကတော့ သူ့အသုံးပြုတဲ့ fb စာမျက်နှာမှ တစ်ဆင့် သူ့ရဲ့ အစီအစဉ်ကောင်းလေးတစ်ခုကို ပရိသတ်တွေကို မျှဝေထားတာ တွေ့ရပါတယ်..။

မိသားစုနဲ့ အတူ အမေရိကန်မှာ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတဲ့ ရဲမင်းပိုင်ကတော့ မြန်မာပြည်ကို ပြန်လာပြီး ဖျော်ဖြေပွဲတွေ လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်..။

ဖိုက်တင် မင်းသားကြီး ရဲမင်းပိုင်းဟာ လာမယ့် (၂၀၁၈)ခုနှစ်မှာ မြန်မာပြည်ကို ပြန်လာပြီး နယ်လှည့်ဖျော်ဖြေပွဲတွေကို ပြုလုပ်သွားမယ်လို့ ဆိုပါတယ်..။

အဲ့ဒီ နယ်လှည့်ဖျော်ဖြေပွဲတွေကနေ ရရှိငွေအားလုံးကိုလည်း နာရေးကူညီမှုအသင်းနဲ့ ပညာရေးအတွက် လိုအပ်နေတဲ့ ကလေးတွေအတွက် လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

“ပြန်ရောက်ရင် နယ်လှည့်ပြီးဖျော်ဖြေရေး ပွဲတွေလုပ်မယ် ရတဲ့ငွေကို နာရေးကူညီမှု့ အသင်း နဲ့ ကလေးတွေ ပညာရေးအတွက် လိုအပ်တဲ့နေရာတွေမှာလှူမယ် လို့စိတ်ကူးထားတယ်” လို့ ရေးသားမျှဝေထားတာ ဖြစ်ပါတယ်..။

တကယ်ကို ကောင်းမွန်တဲ့ ပြည်တော်ပြန် ခရီးစဉ်လေး ဖြစ်ပြီး သူ့ရဲ့ ပရိသတ်တွေကလည်း ဝမ်းသာကျေနပ်နေကြပါတယ်..။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က ဖိုက်တင်အက်ရှင် ဇာတ်ကြမ်းတွေမှာ မပါမဖြစ်လောက်အောင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ ရရှိထားသူဖြစ်ပြီး နောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာ တွေ့ရပါတယ်..။

ဖိုက်တင် မင်းသား ရဲမင်းပိုင်က လွန်ခဲ့တဲ့ နှစ်တွေကတည်းက အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် မှာ မိသားစုနဲ့အတူ နေထိုင်ခဲ့ကာ အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့တာ ဖြစ်ပါတယ်..။

Source - ရဲမင်းပိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။