မျောက်တစ်ကောင်ကြောင့် လစ်ဗျားတွင် မျိုးနွယ်စုပဋိပက္ခကြီးဖြစ်ပွားကာ ၁၆ ဦးခန့် သေဆုံး

အိမ်တွင်မွေးထားသည့် မျောက်တစ် ကောင်က မွတ်စလင် အထက်တန်းကျောင်း သူတစ်ဦး ခေါင်းတွင်ခြုံထားသည့် အဝတ် စကို ဆွဲယူလိုက်ရာမှအစပြု၍ လစ်ဗျား တွင် မျိုးနွယ်စုပဋိပက္ခများ ဖြစ်ပွားပြီး လူ ၁၆ ဦးထက်မနည်း သေဆုံးသွားကြောင်း နိုဝင်ဘာလ ၂၀ ရက်သတင်းတွင် ဖော်ပြ ထားသည်။ လူပေါင်း ၂၀ သေဆုံးသွားပြီး လူပေါင်း ၅၀ ထိခိုက်ဒဏ်ရာရသွားကြောင်း ဆက်ဘာမြို့ဆေးရုံအကြီးအကဲက ပြော ကြားထားသော်လည်း လေးရက်တာပဋိပက္ခ အတွင်း လူပေါင်း ၁၆ ဦးထက်မနည်း သေဆုံးသွားသည်ဟု ရိုက်တာစ်သတင်း က ဆိုသည်။ ဆက်ဘာမြို့ရှိ ထိုမျိုးနွယ်စု ကြီးနှစ်စုကို အင်အားကြီးလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့က လက်နက်ထောက်ပံ့ပေးနေ သည်။ ဂက်ဒက်ဖာမျိုးနွယ်စုဝင် ဆိုင်ရှင် တစ်ဦး မွေးထားသည့် မျောက်တစ်ကောင် က ဆိုင်ရှေ့မှဖြတ်သွားသည့် ကျောင်းသူ တစ်စုကို ရန်မူခဲ့ကြောင်း၊ ကျောင်းသူ တစ်ဦး၏ခေါင်းစည်းကို ထိုမျောက်က ဆွဲ ယူကာ ထိုကျောင်းသူကို ကိုက်ပြီးလက် သည်းနှင့်လည်း ကုတ်ခြစ်လိုက်ကြောင်း၊ ထို့ကြောင့် အာလက်ဆူလီမန်မျိုးနွယ်စုဝင် အမျိုးသားများက ဂက်ဒက်ဖာမျိုးနွယ်စုဝင်

လူသုံးဦးနှင့် ယင်းမျောက်ကို သတ်ကာ လက်စားချေလိုက်ကြောင်း သိရသည်။ ယင်းမှအစပြုသည့် ပဋိပက္ခသည် လေး ရက်တိုင်လာပြီး တုတ်ဆွဲ၊ ဓါးဆွဲ အဆင့် မဟုတ်တော့ဘဲ တင့်ကားကြီးများ၊ အ မြောက်များနှင့်အခြား လက်နက်ကြီးများ ပါလာကာ တစ်ဖက်နှင့်တစ်ဖက် ပစ်ခတ် တိုက်ခိုက်လာကြတော့ခြင်း ဖြစ်သည်။ လစ်ဗျားတွင် လွန်ခဲ့သည့်ငါးနှစ်က ဂဒါဖီ ရာထူးမှဖြုတ်ချခံခဲ့ရကတည်းကစကာ မြို့ တော်ထရစ်ပိုလီ၌ ပဋိပက္ခကြီးများဖြစ်ပွား နေသည်။

Source:PyiMyanmar

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။