အနုပညာရှင်များ

မနေ့ကဖြစ်သည် (၂) ရိုက်ကွင်းပေါ်က ဆုပန်ထွာရဲ့ပုံရိပ်တချို့

Kay လွန်ခဲ့သော ၁၁ နေ့ က

MRTV 4 ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “ မနေ့ကဖြစ်သည်” ဆိုတဲ့ဇာတ်လမ်းဟာ ပရိတ်သတ် တစ်ခဲနက် အားပေးတဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် “ မနေ့ကဖြစ်သည် ၂” ဆိုတဲ့ဇာတ်ကားကို ၂၁.၁၁.၂၀၁၇ ရက်နေ့တွင် စတင်ရိုက်ကူးနေပြီဖြစ်ကြောင်း သိရပါတယ်။ ဒီဇာတ်လမ်းတွဲ ထဲမှာ ဒေါ်သီတာနေရာကနေ သရုပ်ဆောင်ထားတဲ့ ပရိသတ်ကြီးချစ်တဲ့ ပန်ပန်လဲပါဝင်ပါတယ်။ သူမအပြင် ကျော်ကျော်ဗို၊ အောင်မင်းခန့်၊ ခါရာ၊ တိုင်ရွှန်နဲ့ အေးမြတ်သူတို့လဲ ပါဝင်ပါသေးတယ်။

ပရိသတ်အချစ်တော် ဆုပန်ထွာတစ်ယောက်ကတော့ “ တစ်သားမွေး တစ်သွေးလှ” ဆိုတဲ့စကားပုံအတိုင်း လှသထက်လှနေပါတယ်။ အနုပညာအလုပ်တွေခဏအနားယူထားတဲ့သူမဟာ ယခုအခါမှာတော့ သူမချစ်တဲ့ လုပ်ငန်းများကို ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ သူမတို့မိသားစုရဲ့အေးချမ်း ပျော်ရွှင်နေပုံ များကလည်း စိတ်ကြည်နူးစရာပါပဲ ပရိသတ်ကြီးရေ ။

မနေ့ကဖြစ်သည် (၁) ကတော့ စိတ္တဇဆန်တဲ့ လူသတ်တရားခံကို ခန့်မှန်းရကာ စိတ်လှုပ်ရှားဖွယ် ကြည့်ရူရတဲ့ ဇာတ်လမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်တဲ့ ယခုပြသမယ့် အပိုင်း (၂) ကရော ဘယ်လိုတွေစိတ်ဝင်စား ဖို့ကောင်းမလဲ ဆိုတာကို ဒီဇာတ်လမ်းတွဲ လေးထွက်လာတဲ့အခါ စောင့်ကြည့်ဖို့မမေ့နဲ့နော် ပရိသတ်ကြီး ။

Source – Supan Htwar FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။