နာမည်ကျော်တေးသံရှင်တစ်ဦးဖြစ်တဲ့ အဆိုတော်လွှမ်းပိုင်ဟာဆိုရင် အောင်မြင်ကျော် ကြားတဲ့ အဆိုရှင်တစ်ယောက်ဖြစ်ပြီး ပရိတ်သတ်အခိုင်အမာရရှိထားတဲ့ Celebrity တစ်ဦး ဖြစ်ပါတယ်။ သီချင်းခွေတွေထွက်ရှိထားပြီး အောင်မြင်မှုရရှိနေတဲ့အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဖွင့်လှစ်ခဲ့တဲ့ “ High Skool ” ဆိုတဲ့အင်္ကျီဆိုင်လေးဟာ လည်း လွှမ်းပိုင်ရဲ့ ချစ်သူဖြစ်တဲ့ အဆိုတော် Bobby Soxer (ထက်ထက်) နဲ့ နှစ်ဦးအတူတူ ဖွင့်လှစ်ခဲ့ကြတာဖြစ်ပြီး ဆိုင်ဖွင့်ပွဲကိုလည်း Celebrity တော်တော်များများ တက်ရောက်ခဲ့ကြ ပါတယ်။

အဆိုတော်လွှမ်းပိုင်ရဲ့ ဝတ်စားပုံ Fashion Design နဲ့ပက်သက်လို့ ဝေဖန်မှုတွေအများ အပြား ရှိခဲ့ပါတယ်။ ဝေဖန်တာတွေကို ဘယ်လိုမှသဘောမထားပါဘူးလို့ဆိုပါတယ်။ အရင် ခေတ်တွေ တုန်းကလို တိုင်းတပါးမှာ တစ်နှစ်လောက်ခေတ်စားပြီးမှ ဒီကိုရောက်လာတဲ့ ခေတ်မဟုတ်တော့ပဲ Internet ခေတ်ဖြစ်တာကြောင့် အားလုံးကတပြေးညီတည်း ဖြစ်သွားပြီ လို့ဆိုပါတယ်။ တခြားနိုင်ငံမှာ ခေတ်စားတာတွေလည်း ဒီနိုင်ငံမှာအားလုံး ရနိုင်တယ်လို့ ဆိုပါတယ်။ တခြားနိုင်ငံကသူတွေဟာ ကမ္ဘာကျော်တွေမို့ သူတို့ကတော့ အရင်ဝတ်ခွင့်ရကြ တာဖြစ်တယ်လို့လည်းဆိုပါတယ်။ သီချင်း MTV ရိုက်တဲ့အခါတွေမှာလည်း ကိုယ်ကအရင် ရိုက်ထားတဲ့ MTV အခန်းတွေဟာ တခြားနိုင်ငံက နောက်မှ ရိုက်တဲ့ MTV နဲ့ တိုက်ဆိုင်ခဲ့ရင် တောင် ကိုယ့်ကိုကော်ပီယူတယ်လို့ အပြောခံရတာတွေရှိတယ်လို့ဆို ပါတယ်။

တစ်ချို့အဝတ်အစား Fashion တွေဟာ တမင်လုပ်ယူတာမဟုတ်ပဲ မတော်တဆတိုက်ဆိုင် သွားတယ် လု့ိဆိုပါတယ်။ အမျိုးမျိုး Troll နေကြတဲ့ညီကိုတွေကို ချစ်ကလူကျီစယ်တယ်လို့ပဲ သတ်မှတ်ပါတယ်လို့ ဆိုပါတယ်။ အရင်မရင့်ကျက်သေးခင်အရွယ်က သူများဝတ်တာကို မြင်ပြီး ကိုယ်နဲ့မလိုက်ဖက်ပေမယ့်လည်း သဘောကျပြီး ဝတ်ဖြစ်တာတွေရှိတယ်လို့ဆိုပါ တယ်။ အခုနောက်ပိုင်းမှာတော့ ကိုယ်နဲ့လိုက်ဖက်မယ့်ပုံစံကိုပဲရွေးချယ်ပြီး ဝတ်ဆင်ဖြစ်တယ် လို့ဆိုပါတယ်။ လူတစ်ယောက်ဟာ ဘာလုပ်လုပ် အကောင်းပြောခံရမယ့်အချိန်နဲ့ ဘာလုပ် လုပ် အဆိုးပြောခံရမယ့်အချိန်တွေဟာ တစ်လှည့်စီအလှည့်ကျဖြစ်နေတာကြောင့် လွှမ်း ပိုင်အနေနဲ့ကတော့ အခုချိန်ဟာ မကောင်းပြောခံရမယ့် အချိန်ရောက်နေတယ်လို့ ခံယူပါ တယ်ဆိုပြီး Interview တစ်ခုမှာဖြေကြားထားပါတယ်။

Source – Myanmar Cele 7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။