မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒေါ့မွန်အသင်းကို ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ရမှတ် ၁၃ မှတ်နဲ့ အုပ်စု ဒုတိယနေရာကိုရရှိခဲ့ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တတ်လှမ်းခဲ့တာလည်းဖြစ်ပါတယ်။အုပ်စုပထမနေရာနဲ့နောက်တဆင့်တတ်လှမ်းခဲ့တာကတော့ စပါးအသင်းပဲဖြစ်ပါတယ်။ဒေါ့မွန်အသင်းကတော့ ချန်ပီယံလိဂ်ကနေလက်ပြနူတ်ဆက်ခဲ့ရပြီဖြစ်ပြီး ယူရိုပါလိဂ်မှာ ယှဉ်ပြိုင်သွားရမှာလည်းဖြစ်ပါတယ်။ 

ဒီပွဲမှာတော့ စီရော်နယ်ဟာ စံချိန်သစ်တစ်ခုရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒေါ့မွန်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲမှာ စီရော်နယ်ဒိုဟာ ၁၂ မိနစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ယခုလိုဂိုးသွင်းယူနိုင်ခဲ့တာကြောင့် စီရော်နယ်ဒိုဟာ အုပ်စုပွဲစဉ် ၆ ပွဲမှာ ၆ ပွဲလုံး ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဦးဆုံးသောကစားသမားတစ်ယောက်ဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ 

စီရော်နယ်ဒို ချန်ပီယံလိဂ်မှာ သွင်းယူခဲ့တဲ့ဂိုး ဟာ ၁၁၄ ဂိုးထိ ရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။စီရော်နယ်ဒိုဟာ လက်ရှိမှာလည်း Ballon d'Or ဆုကိုရရှိမယ်လို့ သတင်းတွေထွက်နေခဲ့တာလည်းဖြစ်ပါတယ်။စံချိန်သစ်တွေနဲ့ အသားကျနေတဲ့ စီရော်နယ်ဒိုကတော့ နောက်ထပ်ဘယ်လိုစံချိန်သစ်တွေ ထပ်မံတင်နိုင်အုံးမလဲဆိုတာ စီရော်နယ်ဒိုရဲ့ Fan တွေကတော့ စောင့်မျှော်နေကြမှာ အမှန်ပါပဲ။ 

source - goal . com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။