အနုပညာရှင်အသိုင်းဝိုင်းနဲ့ လူရွှင်တော်လောက မှာတော့ ဦးဇာဂနာဟာ လူချစ်လူခင်များတဲ့ နာမည်ကြီး ဝါရင့်သရုပ်ဆောင် တစ်ဦးပဲဖြစ်ပါတယ်။ 

တစ်ခေတ်တစ်ခါက ထွန်းတောက်ခဲ့တဲ့ ပရိသတ်အချစ်တော် အနုပညာရှင်ကြီး ဖြစ်ပေမယ့် လက်ရှိမှာတော့ ပရိသတ်တွေနဲ့ ဝေးကွာနေခဲ့တာ ကြာပြီးပဲဖြစ်ပါတယ်။ ဦးဇာဂနာဟာ အနုပညာလောကနဲ့ ဝေးကွာနေစဉ်ကာလ တစ်လျောက်လုံး တိုင်းပြည်အကျိုး ပြုလုပ်ငန်းတွေ လုပ်ကိုင်နေခဲ့ တာပဲဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ဦးဇာဂနရဲ့ ကျန်းမာရေး အခြေနေကြောင့် ခွဲစိတ်ကုသမှုခံ ယူနေရတာ ပဲဖြစ်ပါတယ်။ 

ဦးဇာဂနာရဲ့ ကျန်းမာရေးအခြေအနေဟာ ဆေးရုံးတက်ဖို့လို အပ်နေတာကြောင့် လွန်ခဲ့တဲ့ရက် အနဲငယ်က ဝိတိုရိယဆေးရုံကြီးမှာ တက်ရောက်ကုသ မှုခံယူခဲ့ရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာ (၆)ရက်နေ့မှာတော့ ခွဲစိတ်မှုပြု လုပ်ခဲ့ရတာပဲဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ဦးဇာဂနာရဲ့ သည်းခြေအိတ်အတွင်း ကျောက်တည်လို့ ခွဲထုတ်ခဲ့ ရတာဖြစ်ပြီး လက်ရှိခွဲစိတ်မှု ဆေးစစ်ချက်အဖြေကလည်း အစစအရာရာ အောင်အောင်မြင်မြင်နဲ့ ခွဲစိတ်နိုင်ခဲ့ တာပဲဖြစ်ပါတယ်။ 

ဦးဇာဂနာ ဆေးရုံတက်ရစဉ် အချိန်ထဲက ချစ်ပရိသတ်တွေ အရမ်းကိုစိတ်ပူ ခဲ့ကြရတာပဲဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုမပြုလုပ်ခင်ကလည်း မင်းသားချောလွင်မိုး ကလာရောက် အားပေးခဲ့ပြီး အမြန်ဆုံး သက်သာအောင် ဆုမွန်ကောင်း တောင်းပေးခဲ့ပါသေးတယ်။

လက်ရှိ ဦးဇာဂနာရဲ့ ခွဲစိတ်မှုအောင်မြင် တဲ့သတင်းလေး ကတော့ ချစ်တဲ့ပရိသတ်တွေနဲ့ ဦးဇာဂနာရဲ့ မိတ်ဆွေတွေ အတွက်ကတော့ တကယ့်ကို ဝမ်းသာစရာ သတင်းလေးပဲဖြစ်ပါတယ်။ 

ဦးဇာဂနာရဲ့ ခွဲစိတ်မှုအောင်မြင် တဲ့သတင်းလေး ကိုမသိသေးတဲ့ပရိသတ်တွေ ဝမ်းသာပျော်ရွှင် နိုင်စေရန် မျှဝေပေး လိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ဇာဂနာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။