နှစ်စဉ်နှစ်တိုင်းအနုပညာရှင်တွေနဲ့ထပ်တူပရိသတ်တွေပါရင်ခုန်စိတ်လှုပ်ရှားရတဲ့မြန်မာရုပ်ရှင်အကယ်ဒမီပေးပွဲကြီးဟာမကြာခင်မှာကျင်းပတော့မှာပဲဖြစ်ပါတယ်။

အကယ်ဒမီနဲ့ပတ်သတ်ပြီးပရိသတ်တွေအနေနဲ့ကော်ပီးရုပ်ရှင်ဇာတ်ကားတွေကိုအကယ်ဒမီပေးခြင်းမပေးခြင်းအပေါ်ဘုတ်အဖွဲ့တွေရဲ့ဆုံးဖြတ်ချက်တွေကိုသိချင်နေကြတာပဲဖြစ်ပါတယ်။

လက်တလောမှာတော့ပရိသတ်စိတ်ဝင်စားမှုအများဆုံးနဲ့ရုံတင်တဲ့ရက်ကစပြီးယနေ့တိုင်အောင်မြင်နေဆဲဖြစ်တဲ့တာတေကြီးရုပ်ရှင်ဇာတ်ကားဟာလည်းကော်ပီးရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။

တာတေကြီးရုပ်ရှင်ဇာတ်ကားကြီးထဲကအဓိကသရုပ်ဆောင်နေတိုးရဲ့ထူးခြားတဲ့အနုပညာစွမ်းရည်တွေအပေါ်ပရိသတ်တွေကတော့အကယ်ဒမီရွှေစင်ရုပ်ထုပေးအပ်ဖို့လိုလားနေကြတာပဲဖြစ်ပါတယ်။ပရိသတ်တွေသိချင်နေကျတဲ့နိုင်ငံခြားရုပ်ရှင်တွေကိုမှီငြမ်းရိုက်ကူးထားတဲ့ကော်ပီးကားတွေကိုအကယ်ဒမီပေးခြင်းမပေးခြင်းအပေါ်ရုပ်ရှင်အစည်းအရုံးဥက္ကဌဦးဇင်ဝိုင်းကခုလိုပဲပြောပြပေးပါတယ်။

ဒီနှစ်မှာတော့အကယ်ဒမီနဲ့ပတ်သတ်ပြီးအရင်နှစ်ကစည်းမျဉ်းစည်းကမ်းတွေအတိုင်းဘားမှပြုပြင်ပြောင်းလဲမှုမရှိပဲပေးအပ်သွားမှာပါလို့ဆိုပါတယ်။

သူတို့အနေနဲ့တာဝန်လွဲပြောင်းရယူတဲ့အချိန်ဟာအရမ်းကိုနီးကပ်နေတာကြောင့်ယခုအချိန်မှစည်းမျဉ်းစည်းကမ်းတွေပြုပြင်ပြောင်းလဲလိုက်ရင်ကျန့်ကြာမှုတွေရှိလာနိုင်ပြီးဟိုးယခင်နှစ်တွေကလိုတစ်နှစ်နောက်ကျသွားတာမျိုးတွေရှိလာနိုုင်ပါတယ်လို့ဆိုပါတယ်။ 

ဦးဇင်ဝိုင်းအနေနဲ့လာမယ့်နှစ်မှာမှလက်ရှိချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းမူတွေကိုပြုပြင်နိုင်ဖို့ဆွေးနွေးပွဲတွေပြုလုပ်သွားမယ်လို့ပြောပါတယ်။ဒီနှစ်မှာသူတို့အနေနဲ့လုပ်ပေးနိုင်တဲ့တစ်ခုကတော့လျာထားတဲ့(၁၁)ဆုကိုအပြည့်ဝပေးနိုင်ဖို့အကယ်ဒမီဘုတ်အဖွဲ့ကိုမေတ္တာရပ်ခံသွားမှာလို့ဆိုပါတယ်။

ကော်ပီးဇာတ်ကားတွေနဲ့ပတ်သတ်ပြီးမြန်မာရုပ်ရှင်သမိုင်းမှာနိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေကိုမှီငြမ်းရိုက်ကူးပြီးအကယ်ဒမီတွေရသွားကြတဲ့ဇာတ်ကားတွေလည်းအများကြီးရှိပါတယ်။ယခုပရိသတ်တွေစိတ်ဝင်စားနေတဲ့တာတေကြီးဇာတ်ကားနဲ့ပတ်သတ်ပြီးအကယ်ဒမီပေးခြင်းမပေးခြင်းအပေါ်အကယ်ဒမီဘုတ်အဖွဲ့ကိုတိတိကျကျမေးသွားမယ်လို့ဆိုပါတယ်။

ကော်ပီကားတွေကိုအရင်ကတော့အကယ်ဒမီပေးခဲ့လားအခုမပေးတော့ဘူးလားဘယ်တုန်းထဲကမပေးတော့တာလည်းဆိုတာတရားဝင်မေးသွားမှာပါလို့ပြောပါတယ်။ပရိသတ်တွေစိတ်ဝင်းစားနေတဲ့ယခုနှစ်၂၀၁၈ခုနှစ်အကယ်ဒမီပေးပွဲကိုလာမယ့်မတ်လမှပြုလုပ်ကျင်းပသွားမှာပဲဖြစ်ပါတယ်။

Ref - Nay Toe ( Sunday) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။