၂၀၁၇ ခုနှစ်အတွက် Ballon d'Or ဆုကို ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှုး စီရော်နယ်ဒိုက ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒီဆုကို စီရော်နယ်ဒိုဟာ မက်ဆီ၊ နေမာ တို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။စီရော်နယ်ဒိုဟာ Ballon d'Or ဆုကို ငါးကြိမ်မြောက် ဆွတ်ခူးရရှိခဲ့တာလည်းဖြစ်ပါတယ်။Ballon d' Or ဆုကို မက်ဆီက ငါးကြိမ်ရရှိထားခဲ့တာဖြစ်တာကြောင့် စီရော်နယ်ဒိုဟာ မက်ဆီနဲ့ ဆုအရေအတွက်ချင်း တူညီခဲ့တာလည်းဖြစ်ပါတယ်။ 

စီရော်နယ်ဒိုဟာ Ballon d' Or ဆုကို ၂၀၀၈ ခုနှစ်၊ ၂၀၁၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်၊ ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်တို့မှာ ဆွတ်ခူးရရှိခဲ့တာလည်းဖြစ်ပါတယ်။မက်ဆီဟာ Ballon d'Or ဆုကို ၂၀၀၉ ခုနှစ်၊ ၂၀၁၀ ခုနှစ်၊ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၅ ခုနှစ်တို့မှာ ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့် Ballon d'Or ဆုကို ဆယ်စုနှစ်တစ်ခုလုံး မက်ဆီ နဲ့ ရော်နယ်ဒိုသာ ဦးဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။စီရော်နယ်ဒိုတစ်ယောက်ကတော့ အောင်မြင်မှုတွေ ဆက်တိုက်ရယူထားနိုင်တဲ့ နှစ် ၁ နှစ် ဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ဗုဒ္ဓဟူးနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒေါ့မွန်နဲ့ ပွဲမှာလည်း စံချိန်သစ်တစ်ခုရရှိထားတာလည်းဖြစ်ပါတယ်။ချန်ပီယံလိဂ်အုပ်စု ၆ ပွဲမှာ ၆ ပွဲလုံး ဂိုးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။စံချိန်သစ်တင်ပြီး တစ်ရက်အကြာမှာပဲ စီရော်နယ်ဒို ဟာ Ballon d'Or ဆုကို ထပ်မံရရှိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။