တော်တော်များများက မျက်စိကြောင်ခြင်း/ အိမ်မပျော်ခြင်းကို ဖြစ်ဖူးတတ်ကြပါတယ်။ တစ်ချို့ဆိုရင် မကြာခဏ ဖြစ်တတ်လို့ လုပ်ငန်းခွင်ကိုပါ အနှောင့်အယှက် ဖြစ်စေတဲ့အပြင် ကိုယ်တိုင်လည်း စိတ်ညစ်ရပါတယ်။ ဘာကြောင့် ဒီလိုမျိုးတွေ ဖြစ်လဲ ? ဘယ်လိုတွေ ဆင်ခြင်သင့်လဲ ? ဆိုတာကို ကျန်းမာရေး ဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။ 

အိပ်မပျော်ခြင်း/ မျက်စိကြောင်းခြင်း တွင် အောက်ပါ အမျိုးအစားတွေ ရှိပါတယ်။

- အိပ်ပျော်ဖို့ခက်ခဲခြင်း ။

- တောက်လျှောက်အိပ်ပျော်ဖို့ရာ ခက်ခဲခြင်း။

- အစောကြီးနိုးနေတတ်ခြင်း။

- တစ်ရေးနိုးပြီးနောက် ပြန်အိပ်ဖို့ရာ ခက်ခဲခြင်း။

မျက်စိကြောင်ခြင်း/ အိပ်မပျော်ခြင်းကြောင့် ဘယ်လို အကျိုးဆက်တွေ ဖြစ်ပေါ်တတ်လဲ ???

- နေ့ခင်းဘက်တွင် စိတ်ရောကိုယ်ပါ မောပန်းနွမ်းနယ်မှုကို ခံစားရခြင်း။

- ကောင်းကောင်းအိပ်မပျော်ခြင်းကြောင့် စိတ်သောကရောကမှုဖြစ်စေခြင်း

- လူမှုရေးကို အနှောင့်အယှက်ဖြစ်စေခြင်း / အလုပ်လုပ်နိုင်စွမ်းကို ထိခိုက်စေခြင်း။

- နိုးလာတဲ့အခါ လန်းလန်းဆန်းဆန်း မဖြစ်ခြင်း။

မျက်စိကြောင်ခြင်း/ အိပ်မပျော်ခြင်း ဘာကြောင့် ဖြစ်ရတာလဲ ???

- အိပ်ရာဝင်ချိန်မှာ ဒါမှမဟုတ် အိပ်ပျော်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ပူပင်သောကရောက်မှု၊ စိတ်ဆိုးမှု၊ စိတ်အနှောင့်အယှက်ဖြစ်မှု၊ စိုးရိမ်ပူပန်မှု၊ စိတ်ဆိုးမှု များကို ခံစားရခြင်း။

- အိပ်ပျော်ဖို့ ကြိုးစားနေချိန်မှာ ဒါမှမဟုတ် ညဘက်တစ်ရေးနိုးလာတဲ့အချိန်မှာ အတွေးပေါင်းများစွာ ၀င်လာခြင်း။

- အိပ်ချိန် လွန်သွားခြင်း

- အစားအသောက်မှားခြင်း (ဥပမာ - ကဖိန်းဓါတ်များကို အလွန်အကျူး သုံးဆောင်မိခြင်း)

- အိပ်ဆေးသောက်ပြီးမှ အိပ်ပျော်တတ်တဲ့ အကျင့်ဖြစ်နေခြင်း

- နေ့ခင်းဘက်တွင် များစွာ အိပ်စက်ထားခြင်း … စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

အထက်ဖော်ပြပါအကြောင်းအရာများကို သိရှိပြီးနောက် အိပ်ရေးပျက်ခြင်းက ကျန်းမာရေးကလည်း များစွာ ဆက်စပ်မှု ရှိတာမို့ လိုအပ်လျှင် ဆရာဝန်နှင့် ပြသတိုင်ပင်ဖို့ အကြံပေးချင်ပါတယ်။

ကျန်းမာခြင်းသည် လာဘ်တစ်ပါးမို့ ကျန်းမာရေးကို ဂရုစိုက်ကြပါနော်… ။

သတင်းအရင်းအမြစ် - google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။