မိန်းကလေး အများစုက လှချင်ကြပါတယ်။ ခေတ်ရေစီးကြောင်းအတိုင်းလည်း အဝတ်အစားတွေကို ၀တ်ဆင်လေ့ ရှိကြပါတယ်။ ဒီလို ၀တ်ဆင်ရတဲ့ အခါမျိုးမှာ ဂျိုင်းသားက ဖြူဝင်းလှပနေဖို့လည်း လိုအပ်ပါတယ်။ တစ်ချို့ မိန်းကလေးတွေဆို ဂျိုင်းသားမှာ အမွှေးအမျှင်တွေ မရှိပေမဲ့ ဂျိုင်းသားက မဲနေတတ်ကြပါတယ်။ ဒီလို မဖြစ်ရလေအောင် လွယ်ကူပြီး ထိရောက်လှသော အိမ်တွင်းကုထုံးလေးကို မျှဝေပေးချင်ပါတယ်။ 

ဂျိုင်းသားကို ဖြူဝင်းလှပစေရန် အိမ်တွင်းကုထုံးနည်းအတွက် အဆင့် (၂) ဆင့် ရှိပါတယ်။ ပထမ အဆင့်အနေနဲ့ကတော့ ချေးချွတ်နည်း (scrub) ပြုလုပ်ခြင်းပါ။ နောက်တစ်ဆင့်ကတော့ ခရင်မ်လိမ်း၍ ပေါင်းတင်နည်း ဖြစ်ပါတယ်။

လိုအပ်သော ပစ္စည်းများ

- အာလူး

- ဒိန်ချဉ်

- သကြားအညို

- သံပရိုသီး

- သံလွင်ဆီ စသည်တို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်း အဆင့်ဆင့်

အဆင့် (၁) ချေးချွတ်ဆေး (scrub) ပြုလုပ်နည်း

- သကြားအညို (လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်) ထဲသို့ သံပရိုသီးကို ညစ်ထည့်ပါ။

- သံလွင်ဆီ အနည်းငယ်ထည့်ပါ။

- သမအောင် မွှေပါ။

ဒါဆိုရင်တော့ ချေးချွတ်ဆေး (scrub) ရပါပြီး။

အဆင့် (၂) ပေါင်းတင် ခရင်မ် ပြုလုပ်နည်း

- အာလူးကို အခွံခွာပါ။ ပါးပါးမွမွလေးဖြစ်သွားအောင် ခြစ်ဖြင့် ခြစ်ပါ။

- ထို့နောက် အာလူးအနှစ်ရအောင် ပြုလုပ်ပါ။

- အာလူးအနှစ် (လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်) ထဲသို့ ဒိန်ချဉ် အနည်းငယ် ထည့်ပါ။

- သမအောင် မွှေပါ။

ဒါဆိုရင်တော့ ပေါင်းတင်ခရမ် ရပါပြီ။ 

အသုံးပြုပုံ အဆင့်ဆင့်

- ပထမဆုံးအနေဖြင့် ချေးချွတ်ဆေး (scrub) ကို ဂျိုင်းသားအား ၄ မိနစ်ခန့် သုတ်လိမ်း၍ ပွတ်ပေးပါ။

- ထို့နောက် ရေနွှေးနွှေးလေးဖြင့် ဆေးကြောသန့်စင်ပါ။

- နောက်တစ်ဆင့်အနေဖြင့် ပေါင်းတင်ခရင်မ်များကို သုတ်လိမ်းပါ။

- ၁၅ မိနစ် ခန့် ထားပါ။

- ထို့နောက် ရေဖြင့် ဆေးကြော သန့်စင်လိုက်ပါ။

ထိုနည်းအတိုင်း တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးခြင်းဖြင့် တစ်လ အကြာတွင် သိသာစွာ ဂျိုင်းသား ဖြူဖွေးမှုကို ရရှိစေမှာ ဖြစ်ပါတယ်။

သူငယ်ချင်းတွေကိုလည်း ကိုယ့်လို လှပေနေစေဖို့ ဒီနည်းလမ်းလေးကို မျှဝေပေးလိုက်ပါဦးနော်။ လှပချောမွေ့သော အသားအရေ လေးကို ရရှိပိုင်ဆိုင်နိုင်ပါစေရှင်။

သတင်းအရင်းအမြစ် - YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။